တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဖိုင်ကို CDM ဗိုလ်မှူး တင်လင်းအောင်က လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက် မနေ့မှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ စစ်သုံ့ပန်းတွေအပြင် ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။

Video-Tin Lin Aung
0 Shares:
You May Also Like
Read More

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီဌာနရုံးတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနရုံးတွေကို နို ဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းပြည်နယ်အလံ လွှင့်တင် (ရုပ်/သံ)

ချင်းပြည်နယ်အတွင်း ချင်းညီနောင်တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ဒုစစ်ဦးစီးချုပ်က ချင်းပြည်နယ်အလံ လွှင့်တင်တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာကနေ စစ်ကိုင်းကိုလာတဲ့ အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းလက်ကို အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်း အလက္ကပ္ပအနီး ပျားဂဟောနဲ့ ကုက္ကိုတန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်မှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ ဘီးလင်းကို ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို တိုက်ခိုက်ခဲ့ရာ အထိအခိုက်များခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ ထံက သိရပါ တယ်။
Read More

စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုးနယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ တောင်သာ PDF မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF) မှ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုး နယ်မြေတွေအား ထိန်းချုပ်နိုင်ဖို့ အပတ်စဉ် (၉)အတွက် တပ်သားသစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။