နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်အုပ်စု ၂ နှစ်ကျော်ကြာတပ်စွဲထားတဲ့ အဲဒီ လုံခြုံရေးကင်းစခန်းကို အောက်တိုဘာ ၁၂ ရက် ညပိုင်းကစလို့ PLA တပ်ဖွဲ့ဝင်တွေက စစ်ကြောင်း ၃ခုခွဲကာ ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးနေချိန်အတွင်း ရမည်းသင်းမြို့နယ်က စစ်ကြောင်း ၁ ကြောင်း၊  နေပြည်တော်အမြန်လမ်းက စစ်ကြောင်း ၁ ကြောင်းနဲ့ အခြေပြုစခန်း နှစ်ခုက စစ်ကြောင်း ၁ ကြောင်းဆိုပြီး စစ်ကြောင်း ၃ ခုခွဲကာ ဝင်ရောက်ခဲ့တာဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုစခန်းကို ၀င်ရောက်စီးနင်းချိန်အတွင်း အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် ကင်းကြည့်‌မျှော်စင်တွေ၊ ဘန်ကာတွေကိုပါ စီးနင်းနိုင်ခဲ့ပြီး စခန်းအတွင်း ၀င်ရောက်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက် နောက်တစ်နေ့မှာလည်း စခန်းတခုလုံးကို ဒုတိယအကြိမ် ထပ်မံရှင်းလင်းရင်း ကျည်၊ ငွေသားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း PLA က ပြောပါတယ်။

“ကျမတို့ ရတနာအခြေပြုလုံခြုံရေးစခန်းကို ဝင်ရောက်စီးနင်းတဲ့ သတင်းကမှန်ကန်ပါတယ်” လို့လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က မောင်းကို အတည်ပြုပြောဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကြောင်း ၂ ခုဟာ PLA ရှင်းလင်းထားတဲ့ ရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့ အနီးကပ်ရွာတွေမှာ အထိုင်ချတပ်စွဲနေတယ်လို့လည်း သိရပါတယ်။

ရတနာမြေအခြေပြု လုံခြုံရေးစခန်းကို PLA ဝင်ရောက်မစီးနင်းခင် ၁ရက်အလိုမှာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အပိုင်၊ ၂၃၉ မိုင်က စစ်အုပ်စုရဲ့ “လေးက”တံတားစခန်းကို နေပြည်တော် တပ်ကုန်း PDF ၈၀၃ တပ်ရင်းက ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး ကျဆုံး

" လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ ။ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတုန်း ကွယ်လွန်သွားတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ မြင့်မြတ်စွာ ကျဆုံးသည်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်" လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ရဲ ကမောင်း ကိုပြောပါတယ် ။
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။