မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်က နွားထိုးကြီးမြို့အဝင်မှာ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားတွေ အထိနာပြီး နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။

”Express ကားကြီးနဲ့လာတဲ့ အကိုကြီးတို့ကို ကြိုဆိုပါ၏။ မရောက်ခင်မှာပဲ ကြိုဆိုပေးလိုက်ပါသေးတယ်” မြင်းခြံခရိုင်အမှတ် ၄/၁၀တပ်ရင်းမှူး ကိုစိုးအောင်က မှတ်တမ်းရုပ်သံဖိုင်နဲ့တကွ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

Video – Soe Aung Npdf

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးယာဉ်တွေ နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီးက ရေဦးဆီဆိုင်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ DK-PDF MMU အဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်း၊ စစ်ကြောင်းများကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၅ ဦး သေပြီး ပျူ ၂ ဦး ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။