တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာ နယ်စပ်မြို့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

မောတောင်မြို့ရှိ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ရက်နေ့ကတည်းက KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၁၄ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မောတောင်စခန်းတော့ ရသွားပြီ။ စခန်းတွေကိုတော့ ရှင်းလင်းနေတုန်းပဲ” လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

မောတောင်မြို့ရှိ စစ်တပ်စခန်းကနေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးသလို အကြမ်းဖက်စစ်သားတချို့ကလည်း ထိုင်းဘက်ကမ်းကို ထွက်ပြေးသွားတာတွေ ရှိနေပါတယ်။

“လက်နက်တချို့တော့ ရတယ်။ စာရင်းဇဘား အသေးစိတ်တော့ မရသေးဘူး။ အရှင်းဖမ်းမိတဲ့ ခွေးတွေနဲ့ ထွက်ပြေးတာတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကမ်းရောက်တာ ၆၀ ကျော်လောက် ရှိတယ်” လို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (B.P.L.A) လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း BPLA ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခ လူမှုကွန်ရက်ကနေ မျှဝေထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သိရပါတယ်။ “ဘားပလက်က နယ်မရွေးဘူး” လို့လည်း သူက ရေးသားထားပါတယ်။

မောတောင်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၂ ရက်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

(ဓာတ်ပုံ Maung Saungkha)

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး ၂ နှစ်အရွယ် ကလေးငယ်​ သေဆုံး၊ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ နှစ်သား ကလေးငယ် ၁ယောက် သေဆုံးပြီး အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၂ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုင်း ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေပေးနေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက အပတ်စဉ် ထုတ်ဝေနေတဲ့ စစ်သတင်းလွှာကို အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းအတွင်းရှိ ပြည်သူလူထုတချို့ဆီ ဖြန့်ဝေပေးခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။