မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူကာကင်းစခန်းကို ထိမှန်ကာ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။  

ပျူစခန်းတိုက်ခိုက်ခံရတဲ့အတွက် တပ်ကူချထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကနေ ဒရုန်းနဲ့ လာ ရောက်ဗုံးသီးကြဲချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Zin Yaw Ni လက်နက်ကြီးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Zin Yaw Ni Sniper packing Guerrilla forces

0 Shares:
You May Also Like
Read More

မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြို့သစ်မြို့နယ်ထဲတွင် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ မှ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ က တပ်စိတ်မှူး  မိုးထက်အောင် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာနဲ့ ဝါးဒင်းကျေးရွာကြားရှိ တော်လှန်ရေးပူး ပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။