ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၂၃၉ မိုင်က အကြမ်းဖက်စစ်တပ်ရဲ့ “လေးက” ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF – Tatkon Battalion 803 က မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက် ညပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ၂၃၉ မိုင်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ “လေးက” တံတားစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်မှုဟာ အချိန်နာရီဝက် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၂ ယောက် သေဆုံးကာ ဗိုလ်အဆင့်ရှိသူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း သိရပါတယ်။ တိုက်ခိုက်မှုအပြီး PDF – Tatkon Battalion 803 တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတစ်ခု

“အင်အား ၁၅ယောက်လောက်ပဲ ရှိတဲ့ ဂိတ်စခန်း အသေးတစ်ခုကို ကျနော်တို့ ဝင်ရောက်ပစ်ခတ်ခဲ့တာဆိုပေမယ့် လမ်းပန်း ဆက်သွယ်ရေးအရ အခက်အခဲ အမျိုးမျိုးရှိခဲ့ပါတယ်။ နောက်ဆုံး ကျနော်တို့ ရရှိတဲ့သတင်းအရ ဗိုလ် တစ်ဦး ထိခိုက်တဲ့ထဲ ပါသွားတယ် ဆိုတာကိုပဲ သိရတယ်။ ဘယ်ဆေးရုံရယ်လို့တော့ ထပ်ပြီး သတင်း မသိရသေးပါဘူး” လို့ ဟု PDF – Tatkon “Battalion 803 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အခုလို စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရမှုအပြီး စစ်အုပ်စုက ဂိတ် အနောက်ဘက်ခြမ်းကျေးရွာတွေဆီ စစ်ကြောင်း ထိုးဝင်ရောက်နေတာကြောင့် ကျေးရွာနေပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့လည်း PDF – Tatkon “Battalion 803 က ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ကတော့ နေပြည်တော်တိုင်းစစ်ဌာန တပ်တွေဖြစ်လို့ နေပြည်တော် အဝန်းအဝိုင်းကို ပြောက်ကျားတိုက်ခိုက်ဖို့ အမြဲ ကြိုးစားနေမှာပါ” လို့ PDF – Tatkon “Battalion 803 တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဆက်ကြေးကောက်နေသည့် အကြမ်းဖက်စစ်သားများကို ဝင်ပစ်ရင်း နတ်ဆိုးတပ်ရင်းမှ ရဲဘော်၃ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာ ဆက်ကြေးကောင်ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း တပ်ဖွဲ့ဝင် ၃ယောက်ကျဆုံးခဲ့ရကြောင်း မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လူထုခေါင်းဆောင် အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးနှင့် ပန်းသပိတ် (ဓာတ်ပုံသတင်း)

ကလေးဒေသခံ ပြည်သူလူထုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

နယ်မြေရှင်းလင်းရင်း တွင်းထဲ စွန့်ပစ်ထားခဲ့သည့် စစ်သားအလောင်း ၃ လောင်း တွေ့ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။