စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ သွားရောက်တိုက်ခိုက်ရာ ဝန်ထမ်းလိုင်းခန်းမီးလောင်ပြီး စစ်အုပ်စုအဖွဲ့ဝင် ၄ ယောက်သေကြောင်း ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ရေဦးမြို့မရဲစခန်းထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက  Fixed Wing Drone တွေနဲ့ ဗုံးသီး ၆ လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းက ဝန်ထမ်းလိုင်းခန်းပေါ်ကို ဗုံးသီးတွေကျရောက်ပေါက်ကွဲပြီး လိုင်းခန်းမီးလောင်ကာ အကြမ်းဖက်စစ်အုပ်စုက ၄ ယောက် နေရာတင် ပွဲချင်းပြီးသေပြီး ၆ယောက်ကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့တိုက်ခိုက်မှုပြီးပြီးချင်း စစ်အုပ်စုတွေဘက်ကလည်းလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာမျိုးရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရေဦးမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းပစ်တိုက်ခိုက်နေစဥ် (ဓာတ်ပုံ – YEU)

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်အတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၃၂၀ ကျော်အထိရှိလာ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်နီမှာ လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကောင်စီ အင်အားဖြည့် ထိုးစစ်ဆင်ဖို့ပြင်ဆင်နေ

နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်​ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဟိုယတွင် MNDAA နှင့် အာဏာသိမ်းစစ်တပ် အခြေအနေ တင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

လောင်းလုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု

လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ကြားထဲကနေ ထားဝယ်ခရိုင် လောင်းလုံဒေသမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး နိုဝင်ဘာလ(၁)ရက်နေ့ မနေ့ကနေ့လည်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။