အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force – YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဖွံ့ဖြိုးမှုအရှိန်ရနေတဲ့ တိုင်းပြည်ကို အတင်းအဓမ္မအာဏာသိမ်းယူပြီး လူထုဘဝကြပ်တည်းနိမ့်ပါးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်စစ်တပ်ကို ထွက်ပေါက်မပေးမိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ နိုင်ငံရေးထွက်ပေါက်မဟုတ်ဘဲ စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်ဖို့ ကြိုးစားနေတဲ့ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်သာဖြစ်တယ်လို့ ဆိုပါတယ်။

”ပြည်သူလူထုအပေါ် မတရားတဲ့ ဥပဒေ၊ မတရားသဖြင့် ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုမျိုးစုံနဲ့ စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်ဖို့အတွက် မကြာခင်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ “တရားမဝင်ရွေးကောက်ပွဲ” ဟာ စစ်ကောင်စီ လိုအပ်နေတဲ့ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်ပဲဖြစ်ပါတယ်”လို့ Yangon Revolution Force – YRF က ဆိုပါတယ်။

Video – Yangon Revolution Force – YRF

0 Shares:
You May Also Like
Read More

လင်းဇင်တိုက်နယ်ရဲစခန်းအား ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လင်းဇင်တိုက်နယ်ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာတဲ့ ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာကြတဲ့ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ချေမှုန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စဉ့်ကိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။