အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါင်း အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ယောက် သေဆုံးခဲ့ကာ ဒဏ်ရာရသူပေါင်း ၅၂၂ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၃၈ ယောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁လတည်းမှာပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၁ ကြိမ် ကျူးလွန်ခဲ့ပြီး ၁၈ နှစ်အောက်ကလေး ၁၆ ယောက် အပါအဝင် စုစုပေါင်း ၁၁၆ ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

တစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၅၉ မှုကို စစ်တပ်က ပုံစံမျိုးစုံနဲ့ ကျူးလွန်ခဲ့ပြီး ဒီလိုလုပ်ရပ်တွေအပေါ် နိုင်ငံတကာက အရေးယူနိုင်ဖို့၊ ကျူးလွန်ခံရသူတွေရဲ့ နစ်နာမှုအတွက် တရားမျှတမှုရရှိစေဖို့ သက်သေအထောက်အထား အပြည့်အစုံနဲ့ စုဆောင်းထားတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာနဲ့အမျှ တဖက်မှာလည်း ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းဖို့ ဖမ်းဆီးထောင်ကျတာတွေ ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် မေလအတွင်း သေဆုံးသူ (၁၇) ဦးအထိရှိဟု AAPP ထုတ်ပြန်…

မေလ ၁ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးခဲ့သူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် စုစုပေါင်း (၁၇) ယောက် ရှိခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ဖိအားပေးခံနေရသည့် စောချစ်သူရဲ့ BGF ကျားဖြန့်နှင့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စောချစ်သူ ခေါင်းဆောင်တဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ နှိမ်နင်းရေးအတွက်ဆိုပြီး ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ဘုတလင်ရှိ စစ်ရှောင်ရွာ (၄) ရွာက ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ရှောင်ရွာ (၄)ရွာက ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic)ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ကျဉ်း ၉ ဦး သေဆုံး

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။