အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ စောစတီး၊ စောဆန်းအောင်၊ စောစိန်ဝင်းနဲ့ စိုင်းကျော်လှ တို့ကို အရေးယူပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့အကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က နိုဝင်ဘာ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် DKBA နဲ့ အဆိုပါ ခေါင်းဆောင် ၄ ယောက်ကို အရေးယူလိုက်တာဖြစ်သလို Trans Asia International Holding Group Thailand Company Limited နဲ့ Troth Star Company Limited တို့အပြင် ထိုင်းနိုင်ငံသား Chamu Sawang ကိုလည်း အရေးယူလိုက်ကြောင်း ကြေညာထားပါတယ်။

အရှေ့တောင်အာရှကနေ စတင်လာတဲ့ ဆိုက်ဘာလိမ်လည်မှုတွေကနေ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်နိုင်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အတွက် အမေရိကန်အစိုးရရဲ့ ကြိုးစားလုပ်ဆောင်မှုတွေထဲက တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ အရှေ့တောင်အာရှအခြေစိုက် ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယ ဆုံးရှုံးခဲ့ရတယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပြီး အဆိုပါရရှိတဲ့ ငွေကြေးတွေကို DKBA က သူ့လုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုကာ မြန်မာပြည်တွင်းစစ်ကို ဆိုးရွားလာစေတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ရက်နေ့တုန်းကလည်း ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ သူ့သား ၂ယောက်ကို အမေရိကန်နိုင်ငံသားတွေကို ထိခိုက်စေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ်ကာ အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှ နိုင်ငံတွေထဲက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို အဓိကထားကာ ကျားဖြန့်လုပ်ငန်းတွေ၊ သူတို့ရဲ့ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးကာ ဖြိုဖျက်ဖို့ အမေရိကန်တရားရေး ဝန်ကြီးဌာန၊ FBI နဲ့ Secret Service တို့ ပူးပေါင်းပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

လူငယ်၄သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာတွင် အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးနေသည့် အမျိုးသမီးအရေအတွက် အမျိုးသားများထက် ၂ဆ ကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်…

မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။