မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးရဲ့ “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ကနေ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးဖို့၊ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိစေဖို့နဲ့ ကျူးလွန်သူတွေ အပြစ်ပေးအရေးယူခြင်းကနေ ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံအတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုများအပေါ် တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုတဲ့ ပုဒ်မ ၁၂ (၃) ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ရဲ့ မှတ်ပုံတင်အရာရှိထံ တင်ပြပြီးနောက် ICC တရားစွဲအရာရှိက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အဲလိုလျှောက်ထားပေးခဲ့မှုကြောင့် မြန်မာပြည်သူတွေဟာ မျှော်လင့်ချက်တွေ မြင့်တက်ခဲ့ရပေမယ့် တစ်နှစ်နီးပါး အချိန်ကြာမြင့်လာတဲ့အထိ တရားစွဲအရာရှိရဲ့ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိသေးဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ စိတ်ပျက်မှုပိုမိုကြီးမားလာနေပြီး ICC ရဲ့ အချိန်မီ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်က သူတို့ရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့၊ ရှောင်လွှဲဖို့အတွက် ကြိုးပမ်းနေပြီး ဥပဒေမဲ့ ဖမ်းဆီးချုပ်နှာင့် ကန့်သတ် သတ်ဖြတ်မှုတွေအောက်မှာ တရားမျှတဖို့ မဖြစ်နိုင်တဲ့ ရွေးကောက်ပွဲကို ကြိုးစားနေတာပါ။ ဒီအတွက် အဆိုပါ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချပေးဖို့ တိုက်တွန်းကြောင်းနဲ့ အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ပေးဖို့ လိုအပ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီလမှာကြားနာမည်

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။
Read More

ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအား CRPH ဥက္ကဋ္ဌ တက်ရောက်

ဒီဇင်ဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အောက်လွှတ်တော်မှာ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဲဆောက်ဈေးတွင် မြန်မာဈေးသည် ရန်ပွဲများဖြစ်ပွားပြီးနောက် ဈေးတစ်ခုလုံး ဝင်ရောက်စစ်ဆေးခံရကာ အထောက်အထားမဲ့များ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မဈေးမှာ မြန်မာဈေးသည်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင်တွေက မဲဆောက်ဈေးရှိ မြန်မာဈေးသည်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက သတင်းဖော်ပြထားပါတယ်။
Read More

ကူညီကယ်ဆယ်ရေးများ လုပ်နိုင်ဖို့အတွက် ထိရောက်သည့် အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။