အာဏာသိမ်းစစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနီးကပ်လာလေလေ ဝါဒဖြန့်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကိုလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာရာ အခုဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ၇၇ ယောက်အထိ ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။

AAPP ကနေ ကောက်ယူထားနိုင်တဲ့စာရင်းအရ စစ်တပ် မတရားသဖြင့် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံထားရသူ ၇၇ ယောက် ရှိပြီဖြစ်ပြီး အဲဒီထဲက ၅၄ ယောက်ကို နာမည်စာရင်း အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ လက်လှမ်းမှီသမျှ ကောက်ယူထားတာဖြစ်တဲ့အတွက် မြေပြင်မှာ တကယ်ဖမ်းဆီးခံရသူ အရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မတရား အာဏာသိမ်းမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၉၅၅ ယောက်ရှိပြီး အဲဒီထဲက ၂၂၆၃၇ ယောက်က ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူတွေအနက် ၁၁၃၅၆ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ နိုဝင်ဘာ ၁၂ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီအ‌ရေး တက်ကြွလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၇၄၅၈ ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

MDY-PDF က သပိတ်ကျင်းမြို့နယ်၊ ကျေးရွာ (၆) ရွာကို ဆန်အိတ် (၃၀၀)နဲ့ ကျပ်သိန်း (၅၀၀) ထောက်ပံ့ လှူဒါန်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာကျေးရွာ ၆ ရွာက အရပ်သားပြည်သူတွေအတွက် ဆန်အိတ် (၃၀၀)နဲ့ အတူ ငွေကျပ်သိန်း(၅၀၀)ကို မတည်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနဲ့ လည်ပတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင်လ (၂၅) ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့က မန်နားကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့၊ မန်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ရှိ ရေကြီးမှုဟာ ၅၈ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး လာမယ့်နှစ် တောင်ငူခရိုင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်နိုင်တယ်လို့ KNU ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စက်တင်ဘာလ (၁၄) ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ခန့် ရေဘေးသင့်လျက် ကျောင်း (၁) ကျောင်း ပျက်စီးကာ လူ (၇) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။