ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

ရှီကျီကျန်းဟာ တရုတ်နိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေ ထူထောင်ထားမှုကြောင့် ထွက်ပြေးလာရပြီး ကမ္ဘောဒီယားနိုင်ငံသား အဖြစ်ခံယူထားသူလည်းဖြစ်ကာ ထိုင်းအစိုးရက သူ့ကို အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေနဲ့ လောင်းကစားမှုတွေကြောင့် ၂၀၂၂ ခုနှစ်က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရှီကျီကျန်းဟာ ကာစီနိုဝက်ဘ်ဆိုက် ၂၃၉ ခုထက်မနည်း တည်ထောင်စီမံခန့်ခွဲဖို့ အမိန့်ပေးခဲ့သူဖြစ်သလို တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်မှုတွေအတွက် အဓိကတာဝန်ရှိသူအဖြစ် တရုတ်အစိုးရက အလိုရှိနေတာပါ။ ဒါ့အပြင် BGF ခေါင်းဆောင် စောချစ်သူရဲ့ စီးပွားဖက်ဖြစ်တဲ့ ရှီကျီကျန်းဟာ BGF ရုံးစိုက်ရာ ရွှေကုက္ကိုလ်မှာ ရထိုက်ကုမ္ပဏီအုပ်စု (Yatai International Holding Group) ကို တည်ထောင်ပြီး ကျားဖြန့်မြို့တော်ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ရှီကျီကျန်းဟာ တရုတ်အစိုးရ အလိုရှိနေတဲ့ တရားခံဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ သူ့ရဲ့ရှေ့နေတွေက ကန့်ကွက်ခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ထိုင်းနိုင်ငံမှာပဲ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်မှာတော့ ရှီကျီကျန်းကို တရုတ်အစိုးရထံ လွှဲပြောင်းပေးဖို့ ထိုင်းဖွဲ့စည်းပုံ ခုံရုံးကနေ အတည်ပြုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ရှီကျီးကျန်းကို တရုတ်အစိုးရထံ အပြီးသတ်လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

(ဓာတ်ပုံ The Reporters)

0 Shares:
You May Also Like
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။
Read More

အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

စစ်အုပ်စုထောက်တိုင်တချို့အပေါ် အရေးယူမှုတွေ အမေရိကန်က ရုပ်သိမ်းမှုဟာ နောက်ကြောင်းပြန်တာပဲလို့ ကုလသမဂ္ဂအရာရှိ ပြော

အာဏာသိမ်းစစ်အုပ်စုရဲ့ ထောက်တိုင်တချို့အပေါ် အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ရုပ်သိမ်းလိုက်တာဟာ နောက်ကြောင်းပြန်သွားတာပဲလို့ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ဇူလိုင်လ ၃၀ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းအစိုးရက ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကာလ ၆လ ထပ်တိုးဟုဆို

“အရင်ကတော့ ၈လပိုင်းထိ ယာယီသက်တမ်းတိုးပေးတယ်။ အခုက ၈လပိုင်းကျော်တော့ ထပ်ပြီး ယာယီ သက်တမ်းတိုးပေးတာပေါ့နော်။ အမှန်က အခုလက်ရှိ သက်တမ်းတောင် မကုန်သေးပါဘူး။ ရှေ့လဆိုရင် CI ထုတ်ပေးမယ့် စခန်းတွေ လာဖွင့်မယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် လူသစ်တွေ အတွက်ပဲဖြစ်ပါမယ်။ အဲဒီစခန်းမှာ လူအဟောင်းတွေကို သက်တမ်းတိုးပေးမပေးကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကနေတော့ သူတို့ မလုပ်ပေးလည်း နေထိုင်အလုပ်လုပ်ခွင့်ရအောင် ယာယီ လုပ်ထားပေးတဲ့ သဘောပေါ့ ” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။