မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ က တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ် ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ် စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသည့် စစ်သား ၃ ဦးနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“ပြောရရင်တော့ ကျနော်တို့အဖွဲ့တင် မိတာက ၃ ယောက်။ အလင်းဝင်လာတာက ၁ ယောက်၊ စစ်ကြောင်းမှာ နေခဲ့လို့ ဖမ်းမိတာက ၁ယောက်၊ ထွက်ပြေးလာတာက ၁ ယောက်ပေါ့နော်။ ဘေးမှာလည်း တခြားမိတာလည်း ၃ယောက်ရှိသေးတယ်ဗျ။ ကျနော်တို့ မိတာမှာ ပသစက ၂ ယောက်၊ ၁ယောက်ကတော့ စစ်သားဖြစ်တာ ကြာပြီပေါ့နော် ၁၅ နှစ်တာဝန်ထမ်းထားတဲ့သူက ၁ ယောက် (ဒုတပ်ကြပ်ကြီး) ပါတယ်” လို့ Young Revolution Front အဖွဲ့ ရုံးတာဝန်ခံ လွင်မိုးက မောင်းကို ပြောပါတယ်။ 

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နဲ့အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပို အများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုဖမ်းဆီးရမိတဲ့ စစ်သားတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်။ ပြီးရင်တော့ လူ့အခွင့်အရေးနဲ့အညီ ရပိုင်ခွင့်တွေကို အပြည့်အဝပေးပါမယ်။ သူတိုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အစ ကျနော်တို့ ပေးဖို့ရှိတယ်ဗျ။ သိစေချင်တာက ကျနော်တို့ဘက်ကို အလင်းဝင်လာတာ… ဘက်ပြောင်းခိုလှုံလာတာဆိုရင် စစ်မှုထမ်းမဟုတ်ဘဲ စစ်သားဖြစ်နေပါစေ အခုလို ထားပေးတယ်ဆိုတာကို သိစေချင်ပါတယ်” လို့ ဆိုပါတယ်။ 

စစ်တပ်ထဲမှာတော့ PDF ဘက်ကို ဘက်ပြောင်းရင် PDF တွေက သတ်ပစ်မှာဆိုပြီး ဝါဒဖြန့်ခြိမ်းခြောက်မှုတွေ ရှိနေပြီး အဲဒီ ဝါဒဖြန့်မှုတွေက အမှန်တကယ် မဟုတ်ကြောင်းကိုလည်း စစ်မှုထမ်းတပ်သားတွေဖြစ်စေ၊ စစ်သားတွေဖြစ်စေ သိစေချင်တယ်လို့ သူက ပြောပါတယ်။  

အဆိုပါစစ်ဆင်ရေးကို  Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သပြေညွန့်စစ်စခန်းကို KNLA နှင့် PDF ပူး​​ပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ မျက်မြင် စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို ၃ ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ…

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စစ်တပ်က ရွာတွေကို မီးဝင်ရှို့ပြီး ဓားစာခံ ဖမ်းဆီးမှုတွေ လုပ်နေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲချတိုက်ခိုက်၊ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။