စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် မနေ့က မနက် ၁၀ နာရီကျော်မှာ ချောင်းဦးမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ၁၂၀ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးလုံးတင်ရွာနဲ့ အနီးတဝိုက် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီး ၄ လုံးလောက်နဲ့ ပစ်သွားတာ အဲဒီရွာဝန်းကျင်ကို ကျတယ်။ တခြားဘေးရွာတွေလည်း ကျသွားတယ်။ ၂ ယောက် သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း တချို့ရှိတယ်လို့ ကြားတယ်။ နေအိမ်တွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” လို့ ချောင်းဦး ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

၂၀၂၂ ခုနှစ်တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ငါးလုံးတင်ရွာ မြင်ကွင်း

ငါးလုံးတင်ရွာဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်တာကြောင့် အရင်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

“ဒေသခံတွေ ရှောင်တိမ်းရတာမျိုး မရှိဘူး။ ငါးလုံးတင်ရွာက အရင်လည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေ ရှိဖူးတယ်။ သေဆုံးတာတွေလည်း ရှိတယ်။ ငါးလုံးတင်က အကြိမ်ကြိမ်ကို ပစ်ခံနေရတာ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ် ဘောလုံးကွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဖေ့စ်ဘုတ်ပေါ် ခင်မင်ပြီး အပြင်မှာ ဓားပြတိုက်တဲ့သူတွေ ၁ ရက် အကြာမှာပဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။
Read More

မြန်မာ့အရေးမှာ ပါဝင်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို ကန့်ကွက်ကြောင်း သောင်းရင်းဆွေးနွေးပွဲ ထုတ်ပြန်

မြန်မာ့အရေးကို ဝင်ရောက်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို လုံး၀လက်မခံဘူးလို့ သောင်းရင်းဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသည့်လုပ်ရပ်များ မလုပ်ခဲ့သလို NUG လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုကြောင်း ယာယီသမ္မတ ပြောကြား

"ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ "Kim" ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ "Kim" ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ "Kim" ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ "ကင်ရဲ့ မိခင်" ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ " လို့ ယာယီသမ္မတက ဆိုပါတယ်။
Read More

ကန့်ဘလူ စံပယ်နံ့သာဂိတ်စခန်းမှ စစ်အုပ်စု မိန်းကလေး ၂ဦးကို ပေါ်တာဆွဲ၊ ၁ ဦး ထွက်ပြေးလွတ်မြောက်သော်လည်း အဓမ္မပြုကျင့်ခံရကာ ကျန်ခဲ့သည့် မိန်းကလေး အသက်ရှင်မရှင် မသိရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲလို့ ခရီးသည်တင်ယာဉ်တွေကို ထိမှန်၊ ဘုန်းကြီး ၁ ပါး အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ၁၀ ယောက် ထိခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့  ဗုံးသီးချတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ဘုန်းကြီးတစ်ပါးအပါအဝင်  အရပ်သား ၄ ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

တောင်ကြီးမြို့ အောင်မြေသစ် ကိုယ်ပိုင်ကျောင်းတွင် Grade-12 ကျောင်းသူတစ်ဦးအား ကျောင်းအုပ်ကြီး သားက အဓမ္မပြုကျင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ "အောင်မြေသစ်" ကိုယ်ပိုင် အထက်တန်းကျောင်းမှာ အဆောင်နေ ကျောင်းသူတစ်ယောက်  အဓမ္မပြုကျင့်ခံရပြီး အဓမ္မပြုကျင့်သူဟာ ကျောင်းအုပ်ဆရာကြီးရဲ့ သားဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက  သိရပါတယ်။