ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၁ ရက်နေ့မှာ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံး ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေ

တပ်ရင်းက ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော် ရန်နိုင်စိုးကို ဦးညွှတ်ဂါရဝပြုသလို သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အစဥ်အောက်မေ့လျက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၆) က ထုတ်ပြန်ပါတယ်။

အမိန့်စာ ထုတ်ပြန်တဲ့နေကစလို့ ရဲဘော် ရန်နိုင်စိုးကို ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး “ရဲဘော် သင်သွားလိုရာသွားနိုင်ပါပြီ.. ရဲဘော် ကောင်းရာသုဂတိလားပါစေ” လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်းစိန်မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ "အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ" လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လှည်းကူးတွင် မဲရုံလုပ်မည့် ကျောက်အိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲအတုလုပ်ဆောင်မယ့် ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုင်း ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေပေးနေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက အပတ်စဉ် ထုတ်ဝေနေတဲ့ စစ်သတင်းလွှာကို အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းအတွင်းရှိ ပြည်သူလူထုတချို့ဆီ ဖြန့်ဝေပေးခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။