ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ စစ်တပ်ရဲ့ စစ်ကြောင်းဟာ မြဝတီမြို့နယ် လေးကေ့ကော်ဒေသက ရသေ့ဂူကျေးရွာကို ရောက်လာချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် တပ်ပေါင်းစုတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းကို “ပစ္စည်းကမှာထားတာကြာပြီ… အခုမှလာပို့တာ…. လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်… တပ်မ (၂၂) တပ်မမှူးကို” ဆိုပြီး ရဲဘော်တွေနဲ့ ဗိုလ်မှူးဒါဘော စနောက် ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ကို ကျားသစ်နက်စစ်ကြောင်းက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ စစ်ကော်မရှင်ထံကနေ သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း ထုတ်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်ကစလို့ အကြမ်းဖက်စစ်အုပ်စုဟာ လေးကေ့ကော်ကို အင်အားအလုံးအရင်းနဲ့ တက်လာပြီး လက်နက်ကြီးပစ်ကူမှုတွေ အဆက်မပြတ်လုပ်ကာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ စစ်ရေးအခြေအနေကတော့ လက်ရှိအချိန်ထိ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ စစ်တပ်စစ်ကြောင်းတွေနဲ့ KNU/KNLA ဦးဆောင်တဲ့ ဗျူဟာ (၃၂) ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဗွီနွန်စစ်ကြောင်း၊ Justice Soldier ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃၁ရက်မှာ အကြမ်းဖက်စစ်တပ်ဘက်က အများအပြားသေဆုံးကာ ထွက်ပြေးအလင်းဝင်လာတာတွေ၊ စစ်သုံ့ပန်းတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ အမြောက်အမြား ရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ သေဆုံးတပ်သားအလောင်းတွေကို ပြန်လည်သယ်ယူနိုင်ခြင်း မရှိတဲ့အပြင် ခဲယမ်းများစွာကိုလည်း ကောက်ယူနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

“သူတို့ ရသေ့ဂူကနေ တက်လာတယ်။ ကိုယ့်လူတွေက ပစ်တယ်။ ပစ်တော့ ဖရိုဖရဲတွေဖြစ်တော့ စစ်ကြောင်းရဲ့ ဖွဲ့စည်းပုံပျက်ပြီးတော့ ထွက်ပြေးသွားတယ်။ အလောင်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေ မကောက်နိုင်တော့ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ၊ ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို UG ခေါင်းဆောင်ပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ရာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင် 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲတွင် ယှဥ်ပြိုင်မည့် ရွေးကောက်ခံကိုယ်စားလှယ်များ လုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် အလေးပေးဆောင်ရွက်ဖို့ မင်းအောင်လှိုင် ပြောဆို…

" ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်။ လွှတ်တော်ဟာလည်း သိက္ခာရှိတဲ့လွှတ်တော်ဖြစ်ရပါမယ်"လို့ အာဏာထိန်းတယ်ဆိုပြီး အာဏာလုထားတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းခွဲဝင်မှုကြောင့် ရွာ ၁၀ ရွာမှ အရပ်သား ၅ ထောင်ကျော် တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။