အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာနေပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ စက်တပ်လေထီးတွေ သုံးကာ ဗုံးကြဲတိုက်ခိုက်ခြင်းတွေ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတာဖြစ်ပါတယ်။

ဒါ‌ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်သတိ အသိ အမြဲရှိနေဖို့၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန် ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ Nay Pyi Taw PDF က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပက တော်လှန်ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှောင်ပြည်သူတွေကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်ချင်တယ်ဆိုရင် နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနကတဆင့် ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းတွင် မဲပုံးများပို့ရန် စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်ကြောင်းဖြတ်တောက် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ သရက်မြို့ကို ပို့ဆောင်မယ့် ရွေးကောက်ပွဲအတု မဲပုံးတွေအတွက် ​စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့ခဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့ EV ကား စက်ရုံတွေဆီ သွားရောက်ကြည့်ရှုခဲ့ဟု ဆို

အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းကို အလုပ်လုပ်ဖို့သွားရင်း ဖမ်းခံရပြီး စစ်မှုထမ်းရသူ ၂ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၂၈၀) က စစ်သား ၂ယောက် KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ အလင်းဝင်လာခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ပြီး အောင်ပွဲနှင့် ပြန်လာသည့် တနင်္သာရီ ပကဖ တပ်ဖွဲ့ဝင်များကို ပြည်သူလူထု ဂုဏ်ပြုကြိုဆို

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

မန္တလေး PDF ထိန်းချုပ်ရာနယ်မြေတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှုခဲ့

မန္တလေး PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်သပိတ်တွေကို စဉ်ဆက်မပြတ် လှုပ်ရှားဦးဆောင်နေတဲ့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြလာပါတယ်။