ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၂၅ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က တာဝန်ခံတွေ၊ အဖွဲ့ဝင်တွေ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်မှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း အယောက် ၁၈၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမေရိကန်နိုင်ငံ NYCBC ဥက္ကဌ၊ NUG-MOD မဟာဗျူဟာနှင့် စစ်ရေးနိုင်ငံရေးအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးတင်နေမြင့်တို့က လက်ရှိ နိုင်ငံတကာ သံတမန်အခင်းအကျင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကာ မေးမြန်းမှုတွေကို ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှုကို ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH က ဦးဆောင်စီစဥ်ခဲ့တာဖြစ်ပြီး ရှေ့လတွေတုန်းကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နဲ့ အခုလို တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဘန့်ဘွေးရွာမှ ထွက်လာသည့် စစ်အုပ်စုနှင့် ပျူစောထီးတို့၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်းမြစ်ဌာနေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က အရပ်သားများကို ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်နေချိန် ဘေးကင်းလုံခြုံသည့် ဆေးရုံဆေးခန်းများ လိုအပ်နေပြီဟု ဦးမင်းကိုနိုင် ပြောကြား…

အကြမ်းဖက်စစ်တပ်က ဖက်ဆစ်အပြုအမူအတိုင်း ရိုင်းစိုင်းစွာနဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေလို အရပ်ဖက်ပစ်မှတ်တွေအပါအဝင် လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်နေချိန်မှာ ဘေးကင်းလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
Read More

မိုးဗြဲမြို့မှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 
Read More

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း တိမ်းရှောင်သူတွေကို တရားရုံးနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု ချိတ်ပိတ်တာတွေအထိ လုပ်ဆောင်လာနေ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Southern Eagle PDF (P-P29909) တပ်ရင်းရဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Southern Eagle PDF (P-P29909) တပ်ရင်းအနေနဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ ပြုလုပ်လေ့ရှိတဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။