ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာဖက်ကနေ ကရင်ကြီးရွာဖက်ကို အင်အား ၇၀ကျော်နဲ့ စစ်ကြောင်းထိုးလာချိန် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ တစ်ကြိမ်၊ ၂၂ ရက်နေ့မှာ တစ်ကြိမ် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်မှာ ကရင်ကြီးရွာကို ရောက်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ၂နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နောက်တရက် အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်မှာလည်း ကရင်ကြီးကျေးရွာကတဆင့် ကမ်းပနီကျေးရွာဘက်ကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အချိန် ၂ နာရီကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်တပ်ဘက်က ၈ ယောက် သေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွေကို လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ရင်း-တပ်ခွဲ-၇ (LPF) ၊ ဒေါနတပ်ရင်း-တပ်ခွဲ-၄ (KBDF)၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်မှု ၂ ကြိမ်အပြီးမှာတော့ ကမ်းပနီကျေးရွာနဲ့ ပညစ်ကျေးရွာကြားက သိကြားမင်းထိုင်တောင်ပေါ်ကို စစ်တပ်စစ်ကြောင်း ရောက်ရှိလာရာ ကာတောင်ပေါ်မှာ ယာယီတပ်စွဲနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှာ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

ဒရုန်းတိုက်ခိုက်မှုကိုတော့ လောင်းလုံး (ပကဖ) – ထားဝယ်ခရိုင်၊ တပ်ပေါင်းစုဒေါနတပ်ရင်း – တပ်ခွဲ-၇ (LPF)၊ ဒေါနတပ်ရင်း – တပ်ခွဲ-၄ (KBDF) ၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ စစ်ကောင်စီလက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာ့သမိုင်းမှာ အာဏာသိမ်းမှု ဆိုးကျော့သံသရာကိုသာ ဖော်ဆောင်တဲ့ စစ်တပ်ကို ပြည်သူတွေ အယုံမလွယ်ဖို့ NUCC နဲ့ NUG တိုက်တွန်းသတိပေး

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကြားမှာ သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲအသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးရဲဘော်တွေကနေ‌ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame က သတင်းထုတ်ပြန်ပါတယ်။
Read More

ပျူခေါင်းဆောင် မင်းသိုက်၊ ရုရှားပြန် ၃ပွင့် ဗိုလ်ကြီးနှင့် စစ်ကောင်စီတပ်သားတို့ကို MBT ရှင်းလင်း

“သူ့ဆီကနေတော့ ဘာမှ ကျနော်တို့ သိမ်းဆည်းရမိတဲ့ လက်နက်တွေ မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့နောက်ကနေ ကပ်ပါလာတဲ့ စစ်ကားတန်းပေါ့နော်။ စစ်ကားတစ်စီး ပါလာတဲ့အတွက်ကြောင့် ကျနော်တို့ တိုက်ပွဲဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ ပြန်ဆုတ်ခဲ့တာပါဗျ” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်သား ၈ ဦး သေသည့် စစ်ကွင်းတာဆုံဂိတ် စီးနင်းတိုက်ခိုက်မှု၊ “ဒဏ်ရာရတဲ့ ၄ကောင် မှာလည်း ၃ကောင်က အခြေအနေ မကောင်းဘူး။ ဗိုက်ပွင့်တဲ့သူကပွင့် ခြေပြတ်တဲ့သူက ပြတ်နဲ့ပါ”

ရန်ကုန်-ပြည် လမ်းပိုင်းပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ၂ရက်ဆက် တိုက်ခိုက်မှုမှာ စစ်အုပ်စု ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက  ​မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။