စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က မုံရွေးတန်ပိုကတ္တားဂိတ်ကနေ အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာထွက် လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-မန္တလေးကားလမ်းတစ်နေရာမှာ ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတွေထဲက ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONWYA DYNAMIDE.STF နဲ့ CHINDWIN FIGHTER GROUP.CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Monywa Dynamite – Special Task Force

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပုံရိပ်များ တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်းတပ်ခွဲ ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ရဲဘော် မိုက်ကယ် ဦးစီးတဲ့ စစ်တောင်းစစ်ကြောင်းမှ အကြမ်း ဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို တောင်ငူခရိုင် - တပ်ရင်းအမှတ် ၃၅၀၂စစ်ကြောင်းတပ်ခွဲ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

တောင်သာလမ်းပိုင်းတွင် စစ်တပ်ကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မလိုင်ကနေ တောင်သာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ရတယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ-၃ နေပြည်တော်တိုင်းစစ်ဌာနမှာ တပ်မှူးငယ်သင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်းကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ-၃ နေပြည်တော်တိုင်းစစ်ဌာန၊၊စစ်ဗျူဟာအမှတ်(၁၇)၊တပ်ရင်းအမှတ်(၈၀၄) ပျဥ်းမနားစစ်ကြောင်း၊ Royal Thunder Column ၊တပ်မှူးငယ်သင်တန်း အပတ်စဥ်(၁/၂၀၂၅) သင်တန်းမှတ်တမ်းပုံရိပ်တွေနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော် PDF မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ခံထားရသည့် ခိုးသန်းရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Black Falcon Guerrilla Forces ထံက သိရပါတယ်။