မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ မှ တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ်သို့ ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ်စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နှင့်အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပိုအများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ဒီးဒုတ်ကွင်းရွာကို စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိပြီး စစ်သား ၂ ယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါစစ်သားတွေထံကနေလည်း ကျည်ကာဦးထုပ်နဲ့ စစ်ဝတ်တန်ဆာ၊ ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Young Revolution Front

0 Shares:
You May Also Like
Read More

ယင်းမာပင် စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၃ ရက်က ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF အဖွဲ့ထံက သိရပါ တယ်။
Read More

အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် (ရုပ်/သံ)

ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ မြန်မာပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တာဝါတိုင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသူမိန်ရဲစခန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ တာဝါတိုင်ကို ရော့ကတ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖက ထုတ်ပြန် ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေသည့် ရဲကား လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ ရဲကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။