မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး  အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ၂၁ ရက်နေ့၊ မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ အထိုင်ချထားတဲ့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို မန္တလေးဘက်ကထီးတော်မိုးတပ်၊ တပ်မ၄၄၊ ၉၅ တပ် ပူးပေါင်းအင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးမှာကို သိပြီးသားပါ။ ရွာသာအေးမှာ ရောက်ရှိကတည်းက စစ်ရေးက တင်းနေတာပါဗျ။ လေကြောင်းမလာခင် မနက်အစောတိုးလာတာ နှစ်ဖက် ဖြန့်ပြီးတော့။ တော်လှန်ရေးအဖွဲ့ နေရာယူထားတာတွေနဲ့က မဝေးတော့ဘူး။ မိုင်းကွင်းမှာလည်း သူတို့ အများအပြား ထိတယ်။ ဟက်ရှော့တွေလည်း တော်တော်များတယ်။ လက်နက်ကြီးတွေက မင်းကွန်း၊ မတ္တရာ၊ မန်းလေး၊ ညောင်ကုန်းတို့ကနေ ပစ်ကူတယ်။ နောက်ဆုံး ဘယ်လိုမှမရလို့ လေကြောင်းအကူလာတာပါဗျလို့ Generation Z Power တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အထိနာနေတဲ့ စစ်ကောင်စီတပ်တွေကို လေကြောင်းပစ်ကူခဲ့ပေမယ့် တည်နေရာ မှားယွင်းပစ်ခတ်မိလို့ စစ်ကောင်စီတပ်သားအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား အနည်းဆုံး ၇၀ နီးပါး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထက်ပါ တာဝန်ရှိသူကပဲ ဆက်လက်ပြီးတော်လှန်ရေးအဖွဲ့တွေနဲ့ အနီးကပ် တိုက်ပွဲဖြစ်တာဆိုတော့ တည်နေရာကြဲတာတွေက မှားသွားတာပါ။ သူတို့အချင်းချင်း မှားတာပါ။ ကျနော်တို့ဘက်က ရဲဘော် တစ်ဦးပဲ မစိုးရိမ် ဒဏ်ရာရှိတာပါဗျ။လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Generation Z Power (MDY) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့၊ BRA LDF ၊ မန္တလေးခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ ချမ်းမြသာစည်မြို့နယ် ပကဖ၊ အောင်ပြေသာစံမြို့နယ် ပကဖ (Thunderbird) Taw Twin Toopi (LDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Generation Z Power ရဲဘော်များ

0 Shares:
You May Also Like
Read More

မြိတ်ခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြပါ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြို့အထိနာမှု အနည်းဆုံးဖြစ်လာနိုင်သည့် စစ်တွေတိုက်ပွဲ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ မရှိတာကြောင့် မြို့နာတာ အနည်းဆုံး တိုက်ပွဲဖြစ်လာလိမ့်မယ်လို့ သုံးသပ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 
Read More

ရှေ့တန်းရောက် စစ်ကူတွေ ထွက်ပြေးလို့ နောက်တန်းကျန် အရာရှိတချို့နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီ စစ်ဆေးနေ

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲအတွက် စစ်ကောင်စီက စစ်ကူလွှတ်လိုက်တဲ့ ပုသိမ်အခြေစိုက် ခလရ ၁၁ နဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ က အရာရှိစစ်သည်တချို့ ရှေ့တန်းစစ်မျက်နှာကနေ ထွက်ပြေးလို့ နောက်တန်းမှာကျန်ခဲ့တဲ့ အရာရှိတချို့နဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လိ့ သိရပါတယ်။