ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြဝတီမြို့နယ် လေးကော့ကော်မြို့သစ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

”တပ်မ ၂၂ မှ ပေးပို့လိုက်သော လက်ဆောင်များအား ဗိုလ်မှူးကြီးဒါဘောမှ လက်ခံရရှိပါကြောင်း” လို့ ရေးသားပြီး သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ကျားသစ်နက် တပ်ခွဲ ၂ က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

Video – Black Panther Column – တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးနှင့် မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အများအပြား သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်သားအများအပြားသေဆုံးပြီး jammer စက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့သည့် ခင်ဦးမြို့နယ် တိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်ဘက် လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ငယ်‌များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီတပ်စခန်းများကို KPLA နှင့် Federal Wings တို့ ပူးပေါင်းတိုက်ခိုက်မှု (ရုပ်/သံ)

ကရင်နီပြည်မှာ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KPLA နဲ့ Federal Wings တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ် သံဖိုင်တချို့ ထုတ်ပြန်လိုက်ပါတယ်။
Read More

တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။