တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ အင်အား ၇၄ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်  သေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က မောင်းမကန်ကျေးရွာကနေ ကရင်ကြီးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်က ကရင်ကြီးကျေးရွာကနေ ကမ်းပနီကျေးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၂ ရက်ဆက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၇ (LPF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော် (R.M.A) နဲ့ လောင်းလုံး ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ထား၀ယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ရဲဘော် ဘသော်၏ ဈာပန (ရုပ်/သံ)

အာဠာဝကစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖြူး-အုတ်ဖြတ်လမ်းမကို ထိန်းချုပ်ထားစဉ် အကြမ်းဖက်စစ်ကောင်စီရဲ့  လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၃၁ နှစ်အရွယ် တော်လှန်ရေး ရဲ‌ဘော်ဘသော် ကျဆုံးခဲ့ရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ တွဲကားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ ဝမ်ပေါင်ကုမ္ပဏီဆီ အကြမ်းဖက်စစ်သား အစောင့်တွေနဲ့ ပစ္စည်းတွေ သယ်နေတဲ့ တွဲကားတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ပြင်းအားမြင့်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်၊ တစ်ဘက်ဖွင့် ရှေ့ထွက်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်နဲ့ မိုင်းပွိုင့် ၃ နေရာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

ကရင်ပြည်နယ်အတွင်း နှစ် ၄၀ ကြာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်တပ်စခန်းကို မတ်လ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ချေမှုန်းရေးရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

BT-16 လို့ နာမည်ပေးထားတဲ့ ချေမှုန်းရေးရိုင်ဖယ်သေနတ်ကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့ Royal Brother Defence Force (RBDF)တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

မုံရွာခရိုင် စိုးမိုးနယ်မြေအတွင်း MPDF – DEMO တပ်ခွဲမှာ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်) သင်တန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်း အမှတ်(၁) တပ်ရင်း (Demo) တပ်ခွဲရဲ့ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်)သင်တန်းကို မုံရွာခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။