တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ အင်အား ၇၄ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်  သေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က မောင်းမကန်ကျေးရွာကနေ ကရင်ကြီးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်က ကရင်ကြီးကျေးရွာကနေ ကမ်းပနီကျေးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၂ ရက်ဆက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၇ (LPF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော် (R.M.A) နဲ့ လောင်းလုံး ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ထား၀ယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဖြင့် ကြေးနီတင်လာသည့်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၁ စီး တိမ်းမှောက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးယူကာ ကြေးနီတင်လာတဲ့ ယာဉ်တန်းကို ပဒေသာအတွဲလိုက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) (လျှပ်စီးတပ်ခွဲ) ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း သပိတ်မှောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်စဉ်က တိုက်ပွဲမှတ်တမ်းကို ထုတ်ပြန်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Southern YSO PDF က ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ထွက်မပြေးအောင် အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။