မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့‌ အောက်တိုဘာလ တတိယအပတ်မှာ KK Park က ကျားဖြန့်နေရာတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းကြောင်း သတင်းထုတ်ပြန်ပြီးနောက်ပိုင်း KK Park ကနေ တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသားတွေဟာ မြဝတီ၊ ဘုရားသုံးဆူနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း KK Park အတွင်းက အဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးနေတဲ့ အသံတွေကို ထိုင်းနိုင်ငံဘက်ကမ်းကနေ ကြားနေခဲ့ရပြီး နိုဝင်ဘာလ ၂ ရက်အထိ ကိုးရက်မြောက်နေ့အဖြစ် ဆက်တိုက် ဖောက်ခွဲတာတွေ ပြုလုပ်ခဲ့ရာမှာ အဆောက်အအုံအများအပြား ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

စစ်တပ်နဲ့ BGF အဖွဲ့တွေဟာ အဆိုပါ KK Park စီမံကိန်းကို တရက်အတွင်း လေးကြိမ်အထိ ပြင်းထန်တဲ့ ဖောက်ခွဲမှုတွေ နေ့ညမပြတ် လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းမှာ‌ ဆိုပါတယ်။

ပေါက်ကွဲမှုတွေကနေ ဖိတ်စင်ထွက်လာတဲ့ အပိုင်းအစငယ်တွေဟာလည်း နယ်စပ်ကိုကျော်လွန်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ထဲက Mae Ku Tha Sung ရွာထဲ အမြဲလိုလို ကျရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KK Park မှာ လုပ်ကိုင်နေခဲ့တဲ့ နိုင်ငံပေါင်း ၂၈ ခုက နိုင်ငံခြားသားတွေဟာ ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ပြီး မဲဆောက်မြို့ဘက် အသည်းအသန်ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ နောက်ဆုံးအခြေအနေ စာရင်းတွေအရ ထိုင်းနိုင်ငံထဲကို စုစုပေါင်း ၁,၅၉၇ ယောက် ဝင်ရောက်ခိုလှုံနေကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

News – KhaosodEnglish

0 Shares:
You May Also Like
Read More

ချီဗွေမြို့ကို KIA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

ကချင်ပြည်နယ်၊ ချီဗွေမြို့ကို  KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လုံး၀ကင်းစင်သွားတဲ့နယ်မြေ ဖြစ်သွားကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ် တချို့မှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၉ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ချီဗွေမြို့က ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို စတင်ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံး

ရှမ်းပြည်နယ်‌တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်တွေ သိမ်းပိုက်​ပြီးနောက် တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံးသွားတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းဖော်ပြထားပါတယ်။
Read More

ပွင့်ဖြူတွင် အင်အား ၂၀၀ပါ စစ်ကောင်စီကားတန်းတိုက်ခိုက်ခံရ ၊ စစ်သားနှင့်ပျူစောထီး ၆ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိ…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲပစ်ခတ်ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ မဲစာရင်းတွင် သေတဲ့လူတွေ ပါနေပြီး အုပ်ချုပ်ရေးမှူးနှင့် အမတ်လောင်းမိသားစု မပါသည်အထိ အမှားများနေကြောင်း ဘူးလက်လှဆွေ ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေများစွာ ကွာဟနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မဲစာရင်းမှာ မှားယွင်းမှု များပြားနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက မနေ့က လူမှုကွန်ရက်ကတဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။
Read More

ပွင့်ဖြူနဲ့ စလင်းမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အားပေးအားမြှောက်လုပ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေ

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။