တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ် ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ယောက်အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး စစ်တပ်ခြေကုပ်ယူထားရာ နေရာကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိ ၁ ယောက် အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသခံမိဘပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့နဲ့ မိဘပြည်သူတွေရဲ့ လုံခြုံရေးကိုရှေးရှုပြီး မေတ္တာရပ်ခံကြောင်း တနင်္သာရီ ပ.က.ဖ က ဆိုထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ၊ ‌မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁)၊ တပ်ရင်း ၃ တပ်ခွဲ (၂)၊ KNDO တပ်ဖွဲ့၊ မြိတ်ခရိုင် ပကဖနဲ့ မြိတ်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ရဲဘော်များမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေး (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲဘော်တွေက မတရားဖမ်းဆီးခံထားတဲ့ လူထုခေါင်းဆောင်နဲ့ မြန်မာပြည်သူတွေ အမြန်ဆုံး လွတ်မြောက်စေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီးနှင့် လေကြောင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
Read More

စစ်ကောင်စီ တပ်သား ၄၀ ခန့်သေပြီး စခန်းစွန့် ထွက်ပြေးမှုများနှင့် မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။