အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့အထိ အရေးယူဆောင်ရွက်မှု ၄၀ ရှိခဲ့ပြီး အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈၈ ဦးအထိ အရေးယူထားပြီး ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုပါတယ်။

စစ်ကော်မရှင် ပြဋ္ဌာန်းထားတဲ့ “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

ဒါ့အပြင် စစ်တပ်ဟာ ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းကို ဝေဖန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း ဖမ်းဆီး အရေးယူထားတာ ဖြစ်ပါတယ်။

NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းထားတဲ့ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိကြောင်းနဲ့ ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပတာဟာ နိုင်ငံ့အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းခြင်းသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးက “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)ရှိအရာရှိ၊ အရာခံတွေနဲ့ အမျိုးသမီးတပ်ရင်းက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေရဲ့ အောင်မြင်မှု၊ ခွန်အားနဲ့ ကြံကြံခိုင်နိုင်မှုတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့"အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်မှာ PDF တွေ စစ်သတင်းလွှာဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ ပြုလုပ်ခဲ့…

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက အပတ်စဥ်ထုတ် စစ်သတင်းလွှာတွေ ဖြန့်ဝေတာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးသေဆုံးခဲ့…

“အိုးဘိုထောင်က မကြာခဏဆိုသလို ဆေးဝါးလုံလောက်မှုမရှိတာတွေလည်း ဖြစ်နေပါတယ်။ အရင်ကထက်စာရင် သိသိသာသာကို ပိုများလာပါတယ်။ အကျဉ်းထောင်တွေက အကျဉ်းသား ၁ဦးစီတိုင်းဟာ အသက်ရှင်သန်ပိုင်ခွင့်ကို သေချာပေါက် ရရှိမှာပါဖြစ်ပါတယ်။ ဆေးမလောက်တာတွေ၊ ပြင်ပဆေးရုံကို ပို့ပေးဖို့ ကြန့်ကြာတာတွေ ဒါမျိုးတွေက တဖက်လှည့်ကနေပြီး နိုင်ငံရေးအကျဉ်းသားတွေကို သေဆုံးအောင် သတ်ဖြတ်နေတဲ့ ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်” လို့ MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုတိုက်ပွဲတွင် ၆ လသားအရွယ်နှင့် ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး၏ ဖခင် ရဲဘော် မောင်ကျော့ကင်း ကျဆုံး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။