ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာနန္ဒဝင်းရဲ့ လက်ရှိ ရပ်တည်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းက ပြင်းထန်စွာ ရှုတ်ချသလို ဆုရှင်စာရင်းကနေလည်း ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒေါက်တာနန္ဒဝင်းသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက်များကြောင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့ပြီဖြစ်ပါသည်” လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုထားပါတယ်။

အခုလို ဒေါက်တာ နန္ဒဝင်းရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးမူဝါဒဖြစ်တဲ့ “နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေပြီတာကြောင့် ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အင်တာနက် စာမျက်နှာကနေ ဖယ်ရှားခဲ့ပြီးဖြစ်သလို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ထိုက်တန်မှုမရှိဘဲ စက်ဆုပ်ရွံရှာဖွယ် ယုတ်မာရက်စက်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အထူးဆုအနေနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဆုကို ပြန်လည် ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

Freedom Fighter Guerrilla Force ရဲ့ စစ်သင်တန်း ဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲကို ရှေ့တန်းမှာ အကျဥ်းချုံး ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အခြေစိုက် Freedom Fighter Guerrilla Force ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ နဲ့ ယူနီဖောင်း ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ Freedom Fighter Guerrilla Force က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရဲဘော်တွေဟာ လေ့ကျင့်မှုအသစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုအသစ်တွေ လုပ်ဆောင်ပြီးတဲ့နောက် ရှမ်းတောင်စစ်ဒေသဆီ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို အဆိုပါတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးရာနယ်မြေတွေမှာ ရေဘေးသင့်ပြည်သူတွေကို NUG အစိုးရက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ ရေဘေးသင့်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ - ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမြို့အဝင် ဆက်ကြေးကောက်ရန် ထွက်လာသည့် ရဲ ၂ ဦး တိုက်ခိုက်ခံရပြီး သေ

မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။