မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ဒီမနက် ၈ နာရီကျော်လောက်မှာ လယ်ဘဲ့ကျေးရွာအနီးတဝိုက်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဘဲ့ရွာက ဒေါ်ကြည်ဆန်း (၅၅ နှစ်)၊ ဦးအောင်ထူး (၇၁ နှစ်)၊ မောင်ဟိန်းမင်းသူ (၂ နှစ်) မောင်မျိုးဇင်ကို (၁၂ နှစ်) နဲ့ ကျအိုးရွာက မောင်ဟိန်းပြည့်ထက်တို့ ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

“တစ်နေ့က ပေါက်တောင်ပိုင်းက ပျူရွာ ၂ရွာသိမ်းထားတာ၊ အခု မြောက်ပိုင်းကြဲသွားတာ၊ စစ်ရှောင်နေရာ၊ မြောက်ခမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူး။ စစ်ရှောင်တဲတွေ ထိမှန်သွားတယ်။ ထိမှန်တဲ့သူတွေက မိသားစုဝင် မဟုတ်လောက်ဘူး။ အခု စိစစ်ဆဲပဲ” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၂ရက်နေ့ကလည်း ပေါက်မြို့နယ် အနောက်ခြမ်း ကျောက်ထစ်ကျေးရွာ အနောက်ဘက်တစ်နေရာကို တံတားဦး လေတပ်ကလာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

“သူတို့စစ်ကြောင်းထိုးလို့ လေကြောင်းလာကြဲတာတော့ မဟုတ်ဘူး။ အခု စစ်ကြောင်းဖြန့်ဝင်နေတယ်။ မြိုင်နယ် ပေါက်နယ်ဘက် ပျူရွာတွေ စစ်ကြောင်းရောက်နေတယ်။ အခု လေကြောင်းက မနားတမ်း ပစ်နေတာ၊ ၃ရက်လောက်ရှိပြီ” လို့ အထက်ပါ ဒေသခံက ပြောခဲ့ပါတယ်။

စစ်ဘေးရှောင်များရှိရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်း (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲခံရပြီး မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီက သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလို မိုင်းခွဲခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ မိုင်းခွဲခံရတဲ့ ကြံ့ခိုင်ရေးရုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင် 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီက အရပ်သားကျေးရွာထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာဦးစေတီပြိုကျပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုတွေ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ပေး ရွာဦးစေတီတော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ The Voice Of Wetlet Madayar အဖွဲ့က မောင်းကိုပြောပါတယ်။
Read More

ရေး၊ ကျုံလောင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 
Read More

မင်းရွာက စစ်ကောင်စီတပ်ကို စခန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျည်မလုံလောက်လို့ ပြန်လည်ဆုတ်ခွါခဲ့ရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေလယ်ကျွန်းဒေသ၊ မင်းရွာကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျည်အင်အားနည်းပါးတာကြောင့် စခန်းသိမ်းတိုက်ပွဲတော့ မဆင်နွှဲနိုင်ခဲ့ဘူးလို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F) က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။