မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေထဲ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းက အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တို့ရဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းတိုက်ပွဲတွေ၊ အကြမ်းဖက် စစ်ကူစစ်ကြောင်းတွေကနေ စစ်မှုထမ်းတပ်သားတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား စစ်မှုထမ်းစုဆောင်းခံခဲ့ရသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နတ်ရေကန်လမ်းဟောင်းတလျှောက်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာလည်း သေနတ် ၄ လက်နဲ့ ခဲယမ်းအများအပြားကို CDF-Asho တို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

“စစ်ကြောင်းတွေကရော နတ်ရေကန် ဗျူဟာကုန်းပေါ်ကရောပါ အစုံပါပဲ။ ပြေးလာကြသူတွေပါ” လို့ CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ နတ်ရေကန် ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းပစ်ကူတွေအဆက်မပြတ်အသုံးပြုခဲ့သလို စစ်ကူတွေလည်း တောက်လျှောက်ပို့နေခဲ့ရာမှာ Chin Defense Force -Ashoနဲ့ အခြားတပ်ဖွဲ့တွေက လမ်းပိုင်းတလျှောက် ဖြတ်တောက်တိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်တိုက်ခိုက်တာမျိုးတွေပါ ရှိခဲ့ပါတယ်။

ဒီအတွက် ၂လတာအတွင်း CDF -Asho တပ်သား၂ယောက် ကျဆုံးပြီး ကိုယ်လက်ခြေအင်္ဂါဆုံးရှုံးရသူ ၂ယောက်နဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၇ယောက်ရှိခဲ့တယ်လို့ CDF -Asho က ထုတ်ပြန်ထားပါသေးတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က နတ်ရေကန် ဗျူဟာကုန်းနဲ့ ပတ်သက်ပြီး လက်ကျန်အကြမ်းဖက်စစ်စခန်းတချို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ပြောထားပါတယ်။

နတ်ရေကန်ကာကင်းစခန်းတိုက်ပွဲတွေ၊ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း တိုက်ပွဲတွေကနေ မကြာခဏဆိုသလို စစ်ကော်မရှင်တပ်သားတွေ ထွက်ပြေးတာတွေရှိနေရာမှာ ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho ၊ PRA -Magway စတဲ့ ငဖဲအခြေစိုက် တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ အပစ်ရပ် ဟန်ပြကြေညာကာ အဆိပ်ငွေ့ဗုံး အသုံးပြုမှုအပါအဝင် အဆက်မပြတ် တိုက်ခိုက်နေကြောင်း TNLA ပြော

မြန်မာပြည်တစ်ဝှမ်း အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ ကာလမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ စစ်အုပ်စုက ကြေငြာထားပေမယ့် PSLF/TNLA တအာင်းတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အဆိပ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာနဲ့ ထိုင်းအတွက် စတားလင့်က ဆက်သွယ်ရေးအတွက် အကူအညီပေးမည်ဟု ကမ်းလှမ်း

ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်နေ…

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ကျစ်လျစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က စတင်လို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရာ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမှာ ၇ ရက် ပြုလုပ်ခဲ့တဲ့ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီတပ်သား ၃ယောက်သေပြီး ပျူ ၄ယောက် ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရှိတဲ့ ပျူကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး ပျူစောထီး ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ShweBo Crocodile ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

“ဗုံးမကြဲနဲ့ မီးပေး “ ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မှာ လျှပ်စစ်မီးဖြတ်တောက်ထားမှု အပေါ်ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။