ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 

နိုဝင်ဘာလ ၁ ရက် မနေ့က ရန်ကုန်မြို့ Sky Star Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ် သက်သက်ခိုင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

“UEC ကို ကျမ အသနားခံစာတင်ထားတယ်။ UEC က ဒီအသနားခံစာကို လက်ခံလားမခံလားကတော့ ဒီနေ့အထိ အကြောင်းမပြန်သေးဘူး” လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ 

UEC က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြား ထုတ်ပေးခဲ့ပေမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်ရဲ့ ထောက်တိုင်အကြီးစားဖြစ်သလို စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကလည်းက စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကို ထောက်ခံလာသူလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် သူဟာ စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် စစ်အုပ်စုလက်အောက်ခံ UEC ကတော့ ဒေါ်သက်သက်ခိုင်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ အကြွေးတွေ ပေးဆပ်ဖို့ ကျန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းနေရာကနေ ပယ်ဖျက်ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ 

သူဟာ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ‌ “ကျမတို့ပါတီက တော်လှန်ရေးကို မယုံကြည်ဘူး တည်ဆောက်ရေးကို ယုံကြည်တယ်၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို မယုံကြည်ဘူး” လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ 68 Residence ဆိုခေါ်တဲ့ အိမ်ရာစီမံကိန်းအတွက်  စစ်အုပ်စု ထောက်တိုင် အကြီးစားဖြစ်တဲ့ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးယူထားပြီး အဆိုပါအကြွေးတွေကို ပြန်မဆပ်နိုင်တာကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရတာ ဖြစ်တယ်လို့လည်း ပြည်သူတွေက ယုံကြည်ကြပါတယ်။ 

CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ရှင်းရှင်းပြောရရင်တော့ သူတို့ချည်းပဲ ကိုယ်စားလှယ်လောင်း ဖြစ်ချင်တဲ့ သဘောပါပဲ။ လွှတ်တော်မှာတော့ ရာနှုန်းပြည့် ကြံဖွံ့ သူတို့ စစ်ဗိုလ်ချုပ်တွေပဲဖြစ်မှာ… အယောင်ပြ ၁ယောက် ၂ယောက်လောက်ကလည်း အလကားနေ NLD ကို ဆဲနေတဲ့ သူမျိုးကိုပဲ လက်ခံမယ့် အနေအထားမျိုးပေါ့နော်။ ဒေါ်သက်သက်ခိုင်ကျတော့လည်း လွှတ်တော်ထဲ ရောက်တာနဲ့ လေသံပြောင်းတာကို ကြုံခဲ့ဖူးတော့ ဒီလို အတိုက်အခံတွေကို ကြိုရှင်းနေတဲ့ အခြေအနေပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲနဲ့ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာက ပြန်လာတဲ့ PDF ရဲဘော်တွေကို ယင်းမာပင် ခရိုင်က ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆို (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၀ တပ်ရင်း (ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့) က ရဲဘော်တွေကို ယင်းမာပင်ခရိုင်က ပြည်သူတွေ အောင်သပြေနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မှာ နှစ်သစ်ကူးည စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၅ယောက်သေဆုံးပြီး ၂ လောင်းသာ ပြန်ရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သားကျင်ကျေးရွာနေ မိသားစုဝင် ၅ ယောက် သေဆုံးကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ပေါ်ကျောင်း ပြိုကျပျက်စီးပြီး သက်တော် ၈၀ အရွယ် ကျောင်းထိုင်ဘုန်းကြီး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ မင်းစုံတောင် သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ တော​င်ပေါ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် သက်တော်၈၀အရွယ် ကျောင်းထိုင်ဘုန်းတော်ကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်နှင့်ပေါင်းပြီး အရပ်သားများကို အနိုင်ကျင့်နေသည့် ကျောက်နီမော်ရွာ ပျူစောထီးတစ်ဦးကို ဖမ်းမိခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်ပြီး ပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။