ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူ ၄၉ ယောက်ထဲမှာ သံဃာတော် ၂ ပါးနဲ့ ကလေး ၁၀ ယောက် ပါဝင်ပြီး ဒဏ်ရာရသူ ၇၁ ယောက်ထဲမှာ သံဃာတော် ၆ ပါးနဲ့ ကလေး ၂၆ ယောက် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၁၇၅ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၇ ကျောင်း၊ ကျောင်းဆောင် ၉ ဆောင်၊ အဆောက်အဦး ၆ ခု၊ မွေးမြူရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၁၀ စီး ဗုံးထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်တပ်က ကျောက်မဲမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆွမ်းစားဆောင် ၁ ဆောင်နဲ့ အဆောက်အဦး ၃ ခု ထိမှန်ပျက်စီးခဲ့ပါတယ်။

နမ္မတူမြို့နယ်ကိုလည်း ဒရုန်းက ၇ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၄ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါ ၁၂ ယောက် ဒဏ်ရာရခဲ့သလို နေအိမ် ၂၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ကျောင်းနဲ့ ကျောင်းဆောင် ၆ ဆောင် ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် မန်တုံမှာ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အိမ် ၆ လုံး ပျက်စီးခဲ့သလို သီပေါမြို့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ၂ ယောက် သေဆုံးကာ နေအိမ် ၂၄ လုံး၊ စာသင်ကျောင်း ၂ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အဆောက်အဦး ၁ ခု ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းလုံမြို့နယ်မှာလည်း စစ်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၂ ပါးနဲ့ ကလေး ၃ယောက် အပါအဝင် ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ကျောင်းဆောင် ၁ ဆောင် ထိမှန်ပျက်စီးခဲ့ပါတယ်။

အလားတူ မိုင်းငေါ့မြို့နယ်မှာလည်း ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ကျောင်းဆောင် ၁ ဆောင်နဲ့ ဆိုင်ခန်း ၅ ခန်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ဆန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးခဲ့ကာ နေအိမ် ၆၂ လုံး၊ အဆောက်အဦး ၂ ခု၊ စာသင်ကျောင်း ၂ ကျောင်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၉ စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်မြို့နယ်မှာ ကလေး ၃ ယောက်နဲ့ အမျိုးသား ၁ယောက် သေဆုံးခဲ့ပြီး မိုးမိတ်မြို့နယ်မှာလည်း ကလေး ၂ ယောက် အပါအဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

အထက်ဖော်ပြပါ စာရင်းတွေဟာ တအာင်းတပ်မတော် TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲခြင်း မပြုလုပ်ခင် နောက်ဆုံး အောက်တိုဘာလအတွင်း အရပ်သားပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

TNLA နဲ့ စစ်ကော်မရှင်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ ၉ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်ပြီးတဲ့နောက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့က TNLA တပ်တွေ ပြန်လည်ဆုတ်ခွာရမှာဖြစ်သလို စစ်တပ်ကလည်း TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်း အပါအဝင် အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း ပို့ချ

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။
Read More

ပခုက္ကူတွင် တာဝန်နှင့် ပြောင်းလာသည့် ပျူစောထီးကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ပျူခေါင်းဆောင်အပါ ၄ဦးသေပြီး လက်နက်နှင့်ငွေသားတချိို့ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်ဖြစ်သူအပါ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မိတ္ထီလာ ဒရုန်းအထူးစစ်ဆင်ရေးအတွင်း ဗိုလ်မှူး ၂ ယောက်အပါ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့ကြောင်း NUG တရားဝင်ထုတ်ပြန်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ပစ်မှတ် (၇) ခုကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး ၂ ယောက်အပါအဝင် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။