မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။

ပျုစောထီး သိန်းတန် စနိုက်ဘာနဲ့ အပစ်ခံရပြီးနောက် ရွာထဲမှာရှိတဲ့ အခြားပျုစောထီးများ စစ်ကူထွက်လာတဲ့အတွက် အဆိုပါနေရာမှာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်နေစဥ်

“ထွက်လာမယ့် ပျူစောထီးကို စောင့်ကြိုရှင်းလင်းဖို့ပဲ ရည်ရွည်ထားတာမို့ ရည်မှန်းချက်ပြည့်ပြီးတာနဲ့ မိနစ်ပိုင်းထိတွေ့မှုယူပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်၊ ထိတွေ့မှုက သရက်ကန်ပျူရွာရဲ့ အနောက်မြောက်ဖက်ခြမ်းမှာ ဖြစ်တာပါ” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊တပ်ခွဲ -၄ (စကြာ်)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ TYK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ သရက်ကန်ပျုရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရိက္ခာဖြတ်တောက်ထားတာ ၁ နှစ်ကျော်ခန့်ရှိပြီလို့လည်း သိရပါတယ်။

“သူတို့ဆီကို စစ်ကြောင်းရိက္ခာ မရောက်တာ ၁ နှစ်ကျော်လောက်ရှိနေပြီ၊ Y 12 နဲ့ ရိက္ခာချတာမျိုးတွေတော့ ရှိတယ်၊ သူတို့ ရိက္ခာမလောက်လို့ ဆန်ပြုတ် ပြုတ်စားနေရတယ်လို့ သိထားပါတယ်” လို့ အဆိုပါတာဝန်ခံ ကိုမိုးက ဆက်ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တပ်ဖွဲ့ဟာ အဆိုပါပျုစောထီးရွာတွေကို မကြာခဏသွားရောက်ပစ်ခတ်တယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ သရက်ကန်ရွာက ပျူတစ်ယောက်ကို အခုလိုပဲ သွားရောက်ပစ်ခတ်ခဲ့သလို၊ စက်တင်ဘာ ၂၈ ရက်နေ့မှာလည်း တွင်းမပျူရွာက စစ်ကော်မရှင်တပ်သား ၃‌ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး MA ၁ တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ စစ်မြေပြင်တစ်နေရာက ပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းဒေသအတွင်း ပြောက်ကျား စစ်မြေပြင် တစ်နေရာက ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။