‘ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် တောင်းဆိုချင်ပါတယ်”လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်းက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အကြမ်းဖက်မှု (သို့မဟုတ်) အတုအယောင် ရွေးကောက်ပွဲများနဲ့ မဖြေရှင်းနိုင်ကြောင်း ထပ်မံအတည်ပြုပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကျေးဇူး တင်တယ်လို့ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေက မြန်မာစစ်တပ်ကို တောင်းဆိုထားတဲ့ အချက် ၅ ချက်ကိုလည်း ဆက် လက်အတည်ပြုပေးတဲ့အတွက် စစ်အာဏာရှင်ဖိနှိပ်မှုအောက်မှာ နေထိုင်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အမှန်တကယ်စစ်မှန်တဲ့ ညီညွတ်မှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာ အပေါ် ရပ်တည်တဲ့ အသိုက်အဝန်းတစ်ခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ကြောင်း ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

Video-Kim Aris – Htein Lin
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရန် တရုတ်ကို NUG တိုက်တွန်း၊ မင်းအောင်လှိုင်ကို စစ်ရေးပြအခမ်းအနား ဖိတ်ကြားမှု မြန်မာပြည်သူများ၏ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေဟု ဆို

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်သမ္မတ ရှီ နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အကြမ်းဖက် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များ ဖြစ်သည်ဟု JFM ထုတ်ပြန်

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးကူညီမှုတွေ တိုးမြှင့်ပေးအပ်နေပြီး သူတို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲရလဒ်နှင့် ကြံ့ခိုင်ရေး အနိုင်ရရှိမှုကို ပယ်ချရန် APHR တိုက်တွန်း

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ကြံ့ခိုင်ရေးပါတီအနိုင်ရရှိခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ဒီရလဒ်တွေဟာ တရားမဝင်ဘဲ ပယ်ချရမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်လိုက်ပါတယ်။
Read More

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။
Read More

မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည် 

ဆိုးရွားပြင်းထန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့  ငလျင်ဘေးအတွက် Quad အဖွဲ့ ဝင် ၄ နိုင်ငံက ကူညီမှုတွေပြုလုပ်ပေးသွားမယ်လို့ ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာ့အရေးကူညီမည့် ကန်‌ဒေါ်လာ ၁၂၁ သန်းပါဝင်တဲ့ အသုံးစရိတ်မူကြမ်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံမှ အောက်လွှတ်တော်အမတ်တွေက မြန်မာ့အရေးကူညီမယ့် ကန်ဒေါ်လာ ၁၂၁ သန်းပါဝင်တဲ့ အသုံးစရိတ်မူကြမ်းကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။