မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People’s Defence Force – Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်မှုအတွင်း ဂိတ်အတွင်းရှိနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၅ယောက် သေဆုံးခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အန္တရယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဂိတ်ဟာ အရပ်သားပြည်သူတွေကို စစ်မှုထမ်းပေါ်တာဆွဲတာ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ နှိပ်စက်ငွေကောက်ခံတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး” စစ်ကူရောက်ဖို့ သုံးမိနစ်ခန့်သာ ကြာမြင့်တဲ့နေရာ ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းပြီး သတ်မှတ်အချိန်အတွင်း ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ လက်နက်ရရှိရေးကို ဦးစားပေးဆောင်ရွက်တာ မဟုတ်ဘဲ၊ ရဲဘော်တွေရဲ့ လုံခြုံရေးဦးစားပေး ဆောင်ရွက်တာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်း ကပြောပါတယ်။

နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်းတဖြစ်လဲ နတ်မောက် PDF အနေနဲ့လည်း နေရာဒေသအချိန်မရွေး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေချိန်ဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရှိရာ အရပ်ဒေသတွေ၊ အထိုင်ချနေရာတွေနဲ့ နီးစပ်ရာနေရာမျိုးတွေမှာ နေထိုင်တာမျိုး မလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း၊ ဗျူဟာအမှတ် ၁၇ အထူးလှုပ်ရှားစစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video-People’s Defence Force – Natmauk
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုထံသို့ ပန်ကြားချက် (ရုပ်သံ)

'ဒီလိုမုန်တိုင်းဒဏ်မျိုးဟာ သဘာဝဘေးအန္တရာယ်လို ခေါ်ဆိုနိုင်ပေမယ့် စစ်အာဏာရှင်စနစ် အဆက်ဆက် အကျင့်ပျက်ခြစားမှုများရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီး အကျိုးဆက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်နိုင်ငံများထက် ပိုမိုထိခိုက်ခံစားနေရတာဖြစ်ပြီး ဘေးအန္တရာယ် ကို ရင်ဆိုင်ကြုံတွေ့လာရချိန်မှာလည်း ကြိုတင်ပြင်ဆင်မှု မရှိတဲ့အပြင် ပြည်သူလူထုကို တိုက် ခိုက်သတ်ဖြတ်ဖို့သာ အာရုံစိုက်တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းစွာ မဆောင်ရွက်နိုင်တာဖြစ်ပါတယ်''
Read More

ပြိုကျနေသော အဆောက်အအုံအောက် နာရီပေါင်း ၁၂၁ နာရီကြာ ပိတ်မိနေသည့် အမျိုးသား ၁ ‌ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီးလုံးပျူစခန်း၊ ပန်းရံပျူစခန်း၊ မင်္ဂလာပျူစခန်းနဲ့ ဇီးကုန်းပျူစခန်းတွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile  အဖွဲ့ကနေ သိရပါတယ်။
Read More

ယနေ့နံနက်ပိုင်း တံတားဦီးမြို့မှာ ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။