ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ‌ဆုံးသူတွေရှိတယ်လို့ DANU STATE NATIONAL DEFENCE ARMY တပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

‌အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိမှန်ဒဏ်ရာရကာ MA -1 တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

” ပွဲဖြစ်ချိန်က သိပ်မကြာလိုက်ဘူး ၅ မိနစ်လောက်ပဲ ပစ်ခတ်မှုကတော့၊ အင်အားတော့ အတိကျမသိရဘူးဗျ ၊ ရှေ့ကဆိုင်ကယ်သုံးစီးတော့ပါတယ်ဗျ၊ ကျန်တာတော့ခြေလျင်ပဲ” လို့ DSNA တပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက မောင်း သတင်းဌာနကို ပြောပါတယ်။

ပုံစာ – တိုက်ပွဲအတွင်းသိမ်းဆည်းရရှိသည့် လက်နက်

ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားသေဆုံးတာနဲ့ ပတ်သက်ပြီး လက်နက်သွားရောက်ကောက်ယူတဲ့အချိန်မှာ သေဆုံးနေတဲ့ စစ်ကော်မရှင်တပ်သားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ မင်းပလောင်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

“သတင်းရလို့ ကြိုစောင့်တာမျိုးတော့ မဟုတ်ဘူးဗျ၊ ကျနော်တို့ ခရီးတစ်ခုသွားရင်းနဲ့ အဲလိုမျိုး ထိပ်တိုက်တွေ့လိုက်တာ၊ ဒီစစ် **တွေ လာနေတာကို ကျနော်တို့ပွိုင့်က မြင်တာနဲ့ လမ်းဘေးကပ်ပြီးတော့ ပစ်ခတ်ခဲ့ကြတာ” လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း စစ်အင်အား ၂၀၀ ကျော်နဲ့ တောင်ဦးရွာကနေ ရနဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို DSNA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို PRA Magway ဝင်ရောက် ဖျက်ဆီး

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမှာ တစ်ရက်အတွင်း ပြည်သူ ၁၀၀ ခန့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက တစ်နေ့တည်း လူအယောက် ၁၀၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း ၃ လ အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ဦး အပါအဝင် ပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက်အပါအဝင် အရပ်သားပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

ချောက်တွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၂၇ ယောက် သေဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က သုံးပွင့် ဗိုလ်ကြီး(၁) ယောက်အပါအဝင် စစ်သား (၂၇) ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။