မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်ခံရတဲ့ ပျူစောထီး သိန်းတန်ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊တပ်ခွဲ -၄ (စကြာ်)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နှင့် TYK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိ ရပါတယ်။

Video-ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု – P L C
0 Shares:
You May Also Like
Read More

မုံရွာမြို့ပေါ် ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့် ရဲအရာရှိ အပါအဝင် ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ Gue Gue PSF စစ်ကြောင်းထံက သိရပါတယ်။
Read More

ဗန်းမော်တိုက်ပွဲမှာ KIA ထံ အလင်းဝင်လာတဲ့ အောင်မိုးသက်တို့ရဲ့ ထွက်ဆိုချက် (ရုပ်/သံ)

'၁၀ တန်းဖြေနေတုန်းကို ကျူရှင်က ပြန်လာတာ ည ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ရှိပြီ။ ပတ်ကင်း ကားနဲ့ တွေ့တာ။ သူတို့က မူးမူးနဲ့ ဖမ်းတာ။ အုပ်ကြီးကလည်း လူလိုနေတော့ ကျွန်‌တော်ကို မျက်စိ ကျသွားတာထင်တယ်။ ကျွန်တော်စာမေးပွဲဖြေနေတယ်လို့ ‌ပြောလဲမရဘူး။ ရတယ်၊ ဘာမှာမဖြစ်ဘူး ၂ နှစ်ဆိုတာ ခဏပဲ ထည့်လိုက်တာ''
Read More

ကလေးမြို့ GTC သို့ ထွက်လာတဲ့ စစ်တပ်ယာဉ်ကို မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ် (GTC) သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ် ၂ စီးကို ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက အဝေးထိန်းမိုင်း ၂ လုံးနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ခြင်းခံခဲ့ရတဲ့ မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်း‌ထောင်လေးများရဲ့ တော်လှန်သင်္ကြန်သံချပ်ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းအား စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး အသေခံဒရုန်း တွေနဲ့ တိုက်ခိုက်နေတဲ့ ကြားကနေ ဒရုန်းကို စနိုက်ဘာနဲ့ ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို  SSNDF/ KNDF B-101  က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပူးပေါင်းဖို့ သတိပေးခဲ့ပေမယ့် ဆက်သွယ်လာခြင်းမရှိတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစခန်းမှာရှိတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းဖို့ သတိပေးစာ ပေးပို့ခဲ့ပေမယ့် ဆက်သွယ်လာခြင်း မရှိတဲ့အတွက် ဒီဇင်ဘာ ၂၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပေါက်-ပကဖ က ထုတ်ပြန်ထားပါတယ်။