စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက သီလုံး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့လို့ ပျုခေါင်းဆောင် ၁ဦး သေဆုံးပြီး၊ ပျူစောထီး ၄ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Shwebo Crocodile က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ပြလုပ်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ပျူရွာက ကင်းစခန်းတွေကို တိုက်ခိုက်တာပေါ့နော်။ အဲ့မှာ ပျူခေါင်းဆောင် ဝင်းဇော်အောင် ထိသွားပြီး ၄ဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒီပျူရွာတွေက အာဏာသိမ်းပြီးကာလ အစထဲက ပျူရွာ စတည်တာပေါ့နော်။ စစ်တပ်နဲ့ ပျူစောထီး ပေါင်းထိုင်ပါတယ်။ အင်အားက ရွာထဲမှာ ၈၀ လောက်ရှိတယ်” လို့ Shwebo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက မောင်းကို ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်ခံရပြီးနောက် ဇီးဖြူကုန်း ပျူရွာကနေ တပ်ကူတွေ ရောက်လာပြီး RPGဖြင့် ကောင်တာပြန်ပစ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ဝင်းဇော်အောင်ကို ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်မှာ နာရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်း ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile ၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ FIFတောင်သူ့လွတ်မြောင်ရေးအင်အားစု၊ ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးလည်း စစ်တပ်ထောက်တိုင် ပျူစောထီးတွေကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

နာမည်ကြီး ဝါရင့် ရွှေနိုင်ငံ ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းကို စစ်ကောင်စီ လိုင်စင်ပိတ်သိမ်း

မြန်မာနိုင်ငံက ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေထဲမှာ နာမည်ကြီး ဖြစ်တဲ့ ရွှေနိုင်ငံ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေရေးလုပ်ငန်းကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ ရွှေနိုင်ငံ စာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်းရဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတယ်လို့ နိုဝင်ဘာ ၁၄ ရက်ထုတ် သတင်းစာမှာ ဖော်ပြလာပါတယ်။ ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ (ခ)နဲ့ ပုဒ်မ ၁၈ တို့ကို လိုက်နာဖို့ ပျက်ကွက်ကြောင်းတွေ့ရှိတယ်ဆိုပြီး ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစလို့ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အရေးယူတဲ့ ပုဒ်မကိုသာ ဖော်ပြထားပြီး အရေးယူတဲ့ အကြောင်းအရင်းကိုတော့ တိကျစွာ ဖော်ပြထားခြင်းမရှိပါဘူး ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ထုတ်ပြက္ခဒိန်မှာ အများပြည်သူ ရုံးပိတ်ရက်တွေကို မှားယွင်းဖော်ပြမှုနဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတချို့ကို ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို သတိပေးမှုတွေထဲမှာ ရွှေနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် မှားယွင်းဖော်ပြမှုနဲ့ စစ်ကောင်စီက ပုံနှိပ်လုပ်ငန်း ၅ခုထက်မနည်းကို ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ စာပေထုတ်ဝေရေးလုပ်ငန်းတချို့ကို မကြာခဏ အရေးယူလျက်ရှိနေပြီး တော်လှန်ရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေရဲ့ စာအုပ်တွေ ဖြန့်ဝေရောင်းချခွင့်တွေကို ပိတ်သိမ်းလျက်ရှိနေပါတယ်။ မနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း Destiny Book House ကထုတ်ဝေပြီး စာရေးသူ မဟူရာရေးသားတဲ့ 1500 miles To you ဆိုတဲ့ စာအုပ်ကို ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ကာ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်တွေ လုံး၀ကျဆင်းသွားပြီး အမျိုးသားရေးယဉ်ကျေးမှုဆိုတဲ့ စံနှုန်းတွေနဲ့ တိုင်းတာကာ စစ်ကောင်စီက အကြောင်းမဲ့ အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ စာပေအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြထားကြပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို KNDF ဗျူဟာ ၉ အဖြစ် ဖွဲ့စည်း…

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ 1005 တပ်ရင်း ၊ 1008 တပ်ရင်း ၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။