ကရင်ပြည်နယ် ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ယောက်ကျော် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့ဖက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး၊ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။

Video – ပေးပို့
0 Shares:
You May Also Like
Read More

အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်နှင့် ဆိုင်ခန်းများ ရေစီးနှင့် မျောပါ (ရုပ်/သံ)

စစ်ကိုင်းတိုင်၊ အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်နဲ့ ဆိုင်ခန်းတွေ ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ Indaw Revolution (IR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်ကောင်စီတပ် လေကြောင်းက ချပေးတဲ့ ခဲယမ်းတချို့ နဂါးနီစစ်ကြောင်းရရှိ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ချပေးတဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွ်မြို့နယ်အနောက် ကားလမ်းမှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းအနိုင် ကျင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့ထံက သိရပါတယ်။
Read More

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းရုပ်သံ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် (ရုပ်/သံ)

အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ရဲရင့်စွာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်‌စောင့်ရှောက်သူတွေရဲ့ ပြောစကားပါဝင်တဲ့ ဂုဏ်ပြုရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်လိုက်ပါတယ်။
Read More

PDF ပုလဲမြို့နယ် စစ်ကြောင်း စစ်ရေးပြ အခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင် ခရိုင်စစ်ဌာန၊  ပုလဲမြို့နယ်စစ်ကြောင်းရဲ့ (Unity Column) စစ်ရေးပြ အခမ်းအနားကို ဇန်ဝါရီ ၁၅ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်လူထုသပိတ်အကြမ်းဖက်ဖြိုခွင်းခံရစဉ် ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ် လူသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအ မှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) ထံက သိရပါတယ်။