ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force – Asho တပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force – Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။

” နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း ထိုးစစ်ဆင်တိုက်ပွဲမှာ ပွဲချင်းပြီးကျသွားတာပါ၊ ဖြည့်စွက်ဖြေကြားမှုက ဒါပဲ ရှိပါမယ်ဗျ၊ ကျန်တဲ့ကိစ္စတွေက မထုတ်ပြန်ပါဘူးဗျ” လို့ CDF – Asho မှပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ရဲဘော်ဆလိုင်းရဲမင်းထွန်းဟာ ပြည်သူလူထုအတွက် တော်လှန်ရေးရဲဘော်ကောင်းတစ်ယောက် ဖြစ်တဲ့အတွက် အခုလိုဆုံးရှုံးမှုဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့လည်း Chin Defence Force – Asho ကထုတ်ပြန်ထားပါတယ်။

အမိန့်နှင့်တာဝန်ကို အသက်ခန္ဓာစွန့်ပြီး ထာဝန်ထမ်းဆောင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ် အရှိုမှ များစွာဂုဏ်ယူကြောင်းနဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို မိမိတို့ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း Chin Defence Force – Asho တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းအာရှယ်ဟာ စစ်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသည့် စိတ်ဝေဒနာရှင်လူငယ် ၁ဦး စစ်ကြောရေးတိုက်ပေါ်မှ ခုန်ချသေဆုံး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုတ်ကျင်း စစ်ကြောရေးအတွင်း ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ စိတ်ဝေဒနာရှင် လူငယ်၁ယောက် တိုက်ပေါ်က ခုန်ချသတ်သေတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နွားထိုးကြီးနှင့် မလှိုင် တိုက်ပွဲများအတွင်း စစ်တပ် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အယောက် ၄၀ ထက်မနည်းသေပြီး သုံးပန်း ၉ ဦးနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့၊ စစ်အုပ်စုထိုးစစ်ကို အကောင်းဆုံးခုခံရင်း ပြန်လည်ထိုးစစ်နိုင်ခဲ့ခြင်းဟု PDF များ ပြော

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ခုခံရင်း စစ်အုပ်စုဘက်က အရာရှိတွေ အပါအဝင် အယောက် ၄၀ ထက်မနည်း ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ယောက်နဲ့ လက်နက်ခဲယမ်း အများအပြားရရှိတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူရေး အီးယူနှင့် ILO အဖွဲ့ဝင်နိုင်ငံများထံသို့ ရန်ကုန်သပိတ်အင်အားစုများ အိတ်ဖွင့်ပေးစာပေးပို့

ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားမြစ်ကာ နိုင်ငံကို  အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစုတွေက အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

ဖြူး ခလရ ၅ မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ဘေးမှာရှိတဲ့ ခြေလျင်တပ်ရင်း ၅ (ခလရ ၅) မှ တပ်သားတဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ အမှတ် (၂) စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းထံမှ သိရပါတယ်။ အလင်းဝင်ရောက်လာသူမှာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး မန္တလေးတိုင်းထဲကနေ ပြည်သူ့စစ်မှုထမ်းတပ်အဖြစ် စစ်တပ်ထဲကို ရောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။