ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force – Asho တပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force – Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။

” နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း ထိုးစစ်ဆင်တိုက်ပွဲမှာ ပွဲချင်းပြီးကျသွားတာပါ၊ ဖြည့်စွက်ဖြေကြားမှုက ဒါပဲ ရှိပါမယ်ဗျ၊ ကျန်တဲ့ကိစ္စတွေက မထုတ်ပြန်ပါဘူးဗျ” လို့ CDF – Asho မှပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ရဲဘော်ဆလိုင်းရဲမင်းထွန်းဟာ ပြည်သူလူထုအတွက် တော်လှန်ရေးရဲဘော်ကောင်းတစ်ယောက် ဖြစ်တဲ့အတွက် အခုလိုဆုံးရှုံးမှုဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့လည်း Chin Defence Force – Asho ကထုတ်ပြန်ထားပါတယ်။

အမိန့်နှင့်တာဝန်ကို အသက်ခန္ဓာစွန့်ပြီး ထာဝန်ထမ်းဆောင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ် အရှိုမှ များစွာဂုဏ်ယူကြောင်းနဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို မိမိတို့ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း Chin Defence Force – Asho တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းအာရှယ်ဟာ စစ်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အမ်းကို စစ်ကူပို့တဲ့ စစ်ကောင်စီတပ်သားတွေ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ရခိုင်ရိုးမထဲ ကစဉ့်ကလျား ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ အမ်းကို စစ်ကောင်စီက ကုန်းလမ်းကရော ဝေဟင်ကပါ စစ်ကူတွေပေးပို့နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကူတွေ မရောက်ရှိတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း CDM စစ်တပ်အရာရှိတွေ က ပြောပါတယ်။
Read More

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းများပါ ရရှိ

KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ မြေးအဖွား သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။