လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေနိုင်ရေး အားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။

သမ္မတမားကို့စ်က မြန်မာ့အခြေအနေကို “အာဆီယံရဲ့ မပျောက်နိုင်သေးတဲ့ ဒဏ်ရာတရပ်” အဖြစ် ထောက်ပြပြောဆိုခဲ့ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒီကိစ္စကို အနီးကပ် အာရုံစိုက်နေရမည်ဖြစ်ကြောင်း၊ အခြေခံချဉ်းကပ်မှုက ထိတွေ့ဆက်ဆံရေးသာ ဖြစ်သင့်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားသတင်းဌာန Bernama က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။

Bernama နဲ့ အထူးသီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်းက “ပြည်တွင်းစစ်ကြောင့် ဖြစ်လာရတဲ့ ဘေးဒုက္ခတွေကို ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံက ခံစားနေရတာကို ကြည့်ပြီး နာကျင်ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံရပါမယ်၊ စကားဆက်ပြောရပါမယ်၊ ပြီးတော့ အခြေအနေကို ဖြေရှင်းဖို့ ရှေ့ဆက်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရပါမယ်။ ဒါဟာ ကျွန်တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေစဉ်အတွင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာပါ” လို့ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေကြောင့် မြန်မာကိုကျော်ပြီး လာမည့်နှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်က မလေးရှားဆီကနေ လက်လွှဲယူမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာမှာလားလို့ မေးမြန်းရာမှာ သမ္မတမားကို့စ်က “ကျွန်တော် အဲဒါကို မြင်ချင်ပါတယ်။ ကျွန်တော်ဟာ စိတ်ရင်းအမှန်နဲ့ အကောင်းမြင်သူတယောက်ပါ၊ ကျွန်တော်တို့ အဲဒီအဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ အာဆီယံဟာ ဘုံသဘောတူညီချက်တွေ လိုက်နာခြင်းမရှိတဲ့ စစ်အုပ်စုကို ၎င်းတို့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်အထိ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတွေကို စစ်အုပ်စုခန့် မြန်မာနိုင်ငံခြားရေးအတွင်းဝန် ဦးဟောက်ခန့်ဆမ် ဆိုသူက တက်ရောက်ခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ လုပ်ဆောင်နိုင်မှု အကန့်အသတ်တွေတွေ ရှိပေမဲ့ “မြန်မာနိုင်ငံမှာ ဘယ်သူပဲရှိနေ (အုပ်ချုပ်နေ)ပါစေ၊ ကျွန်တော်တို့က တံခါးပိတ်ပြီး နားမထောင်ဘူး လို့ ပြောလို့မရပါဘူး။ အစိုးရနဲ့ အုပ်ချုပ်ရေးယန္တရားတင်မကဘဲ အတိုက်အခံပါတီတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ရပါမယ်။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးရလဒ်ကတော့ သူ့ရဲ့စီးပွားရေး၊ ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေးတွေမှာ အကျိုးရှိစေဖို့ အာဆီယံအဖွဲ့ထဲကို အပြည့်အဝ ပြန်လည်ပေါင်းစည်းနိုင်ဖို့ပါပဲ” လို့ မားကို့စ်က ပြောပါတယ်။

မြန်မာ့အရေးဟာ မကြာသေးမီနှစ်တွေမှာ “အနည်းငယ် နှေးကွေးနေတယ်” လို့ သူက ဝန်ခံထားပြီး မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေဟာ အားတက်စရာပဲ လို့၎င်းက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာ တိုးတက်မှုရှိတဲ့ လှုပ်ရှားမှုအချို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် အခြေအနေ‌တွေ ဒီထက်ပိုကောင်းလာစေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရပ်တန့်လို့မရပါဘူး” လို့ သူကပြောပါတယ်။
News-Bernama

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ ဒီဇင်ဘာလ ၇ရက် မနေ့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ "နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ" ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီတို့အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်တဲ့ "စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ" တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး

လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။ 
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူးဟု ထင်မြင်ကြောင်း ကုလအကြီးအကဲ ဆို

မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် စစ်အုပ်စု ရွေးကောက်ပွဲရဲ့ မျှတမှုအပေါ် သံသယရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့မှာ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။
Read More

ဘန်ကောက်ကို ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအား NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန တိုက်တွန်း

ဘန်ကောက်ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့အတွက်  နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲအဖွဲ့ (အင်တာပို) အတွင်းရေးမှူးချုပ်ရုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စာပေးပို့လိုက်ပါတယ်။