စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံအချို့ကို သတ်ဖြတ်လိုက်ပြီး၊ ကျန်အချို့ကို ကတုံးတုံးကာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ဆို ကလေးနယ်ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေဟာ အင်အားအလုံးအရင်း နဲ့ ကလေးမြို့ တောင်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တွင်းချောင်း ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာထဲက ထွက်မပြေးပဲ ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီကနေတစ်ဆင့် စစ်ကော်မရှင်တပ်သားတွေဟာ သာယာကုန်းကျေးရွာထဲကို ဝင်ရောက်သွားပြီး ရွာထဲရှိ ဒေသခံတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့လည်း သိရပါတယ်။ ထောက်ကြံ့ကျေးရွာထဲကို ဝင်ရောက်သွားချိန်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ပထမဝင်တုန်းက တွင်းချောင်းရွာထဲမှာ တစ်ယောက်ပဲကျန်တာ၊ သူက နည်းနည်းစိတ်မနှံ့ဘူးပေါ့နော်… သူ့ကိုလည်းသတ်သွားတယ်၊ အဲ့မှာတိုက်ပွဲဖြစ်သေးတယ်၊ ဒုတိယရက်ကျတော့ သာယာကုန်းကိုဝင်တယ်၊ သာယာကုန်းမှာတော့ ပစ္စည်းတွေယူသွားတယ်၊ ထောက်ကြံမှာ တိုက်ပွဲပြန်ဖြစ်တယ်၊ အဲ့မှာ သူတို့မနည်းဘူး ကျတယ်၊ တိုက်ပွဲက ခဏခဏဖြစ်တယ်၊ ကိုယ့်ဘက်က အင်အားလည်းနည်းတယ်၊ သူတို့ဘက်က အလုံးအရင်းနဲ့ ဝင်လာတာ ၆၀၀၊ ၇၀၀ လောက်ရှိတယ်၊ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးတာ”လို့ ကလေးနယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ ထောက်ကြံ့ရွာထဲရှိ ဘုန်းကြီးကျောင်းမှာ ရှောင်တိမ်းနေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း စာသင်ကျောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အဲဒီထဲက ဒေသခံ ၄ ယောက်ကို သတ်ဖြတ်လိုက်သလို၊ ကျန်တစ်ချို့ကိုလည်း ကတုံးတုံးကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဆိုပါနယ်ခံက ဆက်ပြောပါတယ်။

“ထောက်ကြံ့ဘုန်းကြီးကျောင်းမှာ သက်ကြီးပိုင်း ၅၀ကျော် ၊ ၆၀ ကျော်တွေက တစ်ခြားမရှောင်ပဲ ဘုန်းကြီးကျောင်းမှာ ရှောင်နေတာ၊ အဲဒီထဲက ၄ ယောက်ကိုတော့ ပစ်သတ်လိုက်တယ်၊ ကျန်တဲ့ လူတွေကိုတော့ ဘုန်းကြီးကျောင်းကနေ စာသင်ကျောင်းကို ခေါ်သွားပြီး ကတုံးတုံးပြီး ဖမ်းခေါ်သွားတယ်၊ အခု ဘယ်ကိုရောက်သွားလဲ မသိဘူး၊ ရွာကိုလည်း ပြန်ရောက်မလာသေးဘူး” လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်သားတွေဟာ ကလေးတောင်ပိုင်းထဲမှာရှိနေသေးပြီး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာကြောင့် ဒေသခံတစ်ချို့ဟာ တောင်တွေပေါ်ကို သွားရောက်ရှောင်တိမ်းကြရပြီး၊ တစ်ချို့ကလည်း တောတွေထဲမှာ ရှောင်တိမ်းနေကြရတယ် လို့သိရပါတယ်။

ပုံစာ – ကလေးတောင်ပိုင်းရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ ၊ ဓာတ်ပုံ – Thu Rain
0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မယ်…

ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ Chinland Defense Force - Civic Defense Militia - Siyin (CDF-CDM-Siyin) က ထုတ်ပြန်ထားပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အရေးပေါ် ဖယ်ရှားရမည့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိရှိ

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။