ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်မှ ၈ဦးကျော် သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်ကို စစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါနေရာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက်တိုက်ပွဲက သူတို့ဘက်က အတုံးအရုန်းပဲ သေကုန်တယ်။ မျက်မြင်အလောင်းရတာတော့ ၈လောင်း… ဒါပေမယ့် မမြင်ရတဲ့ အလောင်းတွေလည်း ရှိဦးမယ်။ သူတို့ ထိခိုက်သွားတာ များတယ်။ လက်နက်တွေလည်း ရတယ်” လို့ မြေပြင်ရဲဘော်တဦးက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်စစ်ကြောင်းဟာ သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူတွေလည်း များတာကြောင့် နောက်ပြန်ဆုတ်သွားတယ်လို့ ကနဦး သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ခွဲတွေနဲ့ ကလိုထူးဝါးဗျူဟာ စစ်ကြောင်းတွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အတူပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ- တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားများ
0 Shares:
You May Also Like
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂုတ်ထိပ်တံတား အပါအဝင် သိမ်းပိုက်နယ်မြေများအား TNLA တပ်မှူးနှင့် PDF ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခရိုင်မှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားအပါအဝင် သိမ်းပိုက်နယ်မြေများကို တအာင်းတပ်မတော် PSLF/TNLA တပ်မှုး ဒုတိယဗိုလ်မှူးကြီး တားခြိူဝ်မျိုးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ခရိုင်မှူး ကိုကောင်းတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ PDF ကျောက်မဲခရိုင်တပ်ရင်းက ယမန့်နေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအတွက်ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာ “စကားရည်လုပြိုင်ပွဲ” ဝက်လက်မြို့နယ် ဗကသ ဦးဆောင်ပြုလုပ်

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အကြိုအနေနဲ့ "စကားရည်လုပြိုင်ပွဲ" တစ်ရပ်ကို ဝက်လက်ဒေသမှာ ၃ရက်ဆက်တိုက် ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်တွင်းရှိ စစ်ကောင်စီ စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာက စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

တရုတ်ရဲ့ ဖိအားပေးမှုဖြင့် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံမယ်…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီစဉ်မှုအရ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။