မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ သံဃာတော်တွေအနေနဲ့ မပူးပေါင်းကြဖို့ မန္တလေးမြို့ သံဃသမဂ္ဂ ဆရာတော်တွေက တိုက်တွန်းလိုက်ပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ ရောက်ရှိနေထိုင်သူတွေကို သန်းခေါင်စာရင်း ကောက်ယူရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် ကျောင်းထိုင်ဆရာတော်တွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ စစ်ကောင်စီအလိုကျ သံဃာ့မဟာနာယကအဖွဲ့က တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေကို စာထုတ်ညွှန်ကြားထားတာကြောင့် သံဃသမဂ္ဂ (မန္တလေး) က အခုလို တိုက်တွန်းလိုက်တာပါ။

စစ်ကောင်စီအလိုကျ လုပ်ပေးနေတဲ့ မဟနရဲ့ စာထုတ်ညွှန်ကြားချက်ကို ကန့်ကွက်တယ်။ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး ပေါ်တာဆွဲခြင်း၊ စစ်သင်တန်းတွေပေးပြီး ရှေ့တန်းစစ်မြေပြင်တွေမှာ အသုံးချခြင်းကြောင့် လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေကြရတယ်။ သူတို့ရဲ့အာဏာတည်မြဲဆုပ်ကိုင်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုပါ ဖျက်လိုဖျက်ဆီး လုပ်ဆောင်လာနေတာကြောင့် သံဃာတော် ဆရာတော်တွေအနေနဲ့ မပူးပေါင်းမပါဝင်ဖို့ မေတ္တာရပ်ခံရခြင်းဖြစ်တယ်လို့ ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးစန္ဒာသီရိက မောင်းကိုမိန့်ပါတယ်။

မန္တလေး သံဃာတော်သပိတ်စစ်ကြောင်းက ဆရာတော် သံဃာတော်တွေကလည်း ကြေညာချက်ထုတ်ထားပါတယ်။ ဆရာတော်တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာတည်မြဲဖို့ လုပ်ဆောင်နေမှုမှန်သမျှကို ကန့်ကွက်ရှုံ့ချသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအပေါ်မှာ ငဲ့ညှာသနားတဲ့အနေနဲ့ စစ်ကောင်စီအလိုကျ မပူးပေါင်း မပါဝင်ဖို့နဲ့ စစ်တပ်ရဲ့အကြမ်းဖက်ယုတ်မာနေမှုအပေါ်မှာ အားပေးအားမြှောက် မပြုလုပ်ဖို့ သံဃာတော် ဆရာတော်များအနေနဲ့ စဥ်းစား ဆင်ခြင်တော်မူပေးကြပါလို့လည်း အထက်ပါ ရွှေဝါရောင်ဆရာတော်က ထပ်မိန့်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာ သံဃာ့နာယက အဖွဲ့တွေကို သူတို့နဲ့အဆင်ပြေတဲ့ သံဃာတော်တွေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းပေးထားပြီး သံဃာ့မဟာနာယက အဖွဲ့ကလည်း အကြမ်းဖက်စစ်တပ်အလိုကျ ကြေညာချက်အမျိုးမျိုးကို ထုတ်ဆောင်ပေးနေတယ်လို့ ရွှေဝါရောင်သံဃာတော်တွေဆီက သိရပါတယ်။

ဓာတ်ပုံစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ သံဃာတော်များ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးများ စုဖွဲ့မှုကောင်းကောင်းနှင့် အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ဗျူဟာ အမှတ် (၁၉) စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်ခေါင်းဆောင်တွေ အ​​​​ခြေချရာ နေပြည်တော်အထိ ထိုးဖောက်နိုင်ဖို့ အပါအဝင် စစ်တောင်းမြစ်ဝှမ်း​ဒေသ စိုးမိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး နေပြည်တော်တိုင်းစစ်ဌာနက ဗျူဟာအမှတ် (၁၉) ကို တပ်ရင်း ၄ ရင်းနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း Nay Pyi Taw PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နှင့်အတူ လူလုပ်ကပ်ဘေး စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရဟု NUG ယာယီသမ္မတ ပြော

မြန်မာပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နဲ့အတူ လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။