အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒီလိုမျိုးပြောဆိုမှုတွေအပေါ် “Love reaaction” ထောက်ခံခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ရုပ်ရှင်ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင်၂ယောက်ကို စတင်ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒါရိုက်တာအောင်ချမ်းလူနဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်တို့ကိုပါ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ အောက်တိုဘာလ ၃၁ရက်နေ့ ထုတ်ပြန်ချက်အရ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ကို အဆိုပါ ဝါဒဖြန့်ဇာတ်ကားနဲ့ သရုပ်ဆောင်တွေအပေါ် ဝေဖန်ရေးသားထားတဲ့ တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက်(ခ) ကိုအောင်မင်းနိုင်ရဲ့ ပို့စ်နဲ့ ခေတ်သစ်သတင်းမီဒီယာရဲ့ ပို့စ်တွေအပေါ် အသည်း(Love React ) ပေးခဲ့တယ်ဆိုတဲ့ ရမ်းကားစွတ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့သလို၊ ဒါရိုက်တာအောင်ချမ်းလူကိုလည်း တော်လှန်အနုပညာရှင် ဟစ်ဟော့(ပ်)အဆိုတော် ရန်ရန်ချမ်းရဲ့ပို့စ်ကိုအလားတူ ထောက်ခံ အသည်း(Love React) ပေးမှု၊ တော်လှန်ရေးကာလအစ ဆန္ဒဖော်ထုတ်ခဲ့မှု ပို့စ်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကတော့ သူတို့ရဲ့အတုယောင်ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုသူတွေကို မတရားဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖမ်းဆီးနေရာမှာ စစ်အုပ်စုထောက်ခံသူတွေကလည်း တရားလွန်ဖိအားပေး တိုက်တွန်းတာမျိုးတွေ ရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိဖမ်းဆီးထားတဲ့ ဒါရိုက်တာ ၂ယောက်ကိုလည်း သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဖျက်ဆီးဟန့်တားမှု စတဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း စစ်ကောက်မရှင်က ဆိုပါတယ်။

စစ်အုပ်စုက မတရားထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေဟာ ထောင်ဒဏ် ၃နှစ်ကနေ အမြင့်ဆုံးသေဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပြီး အခုနှစ် ဇူလိုင်လ ၂၉ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်သလို လက်ရှိအချိန် ဒီဥပဒေနဲ့ အရေးယူခံထားရသူ အယောက် ၆၀ ကျော်ရှိလာတဲ့အထဲ အသက်မပြည့်သူတွေနဲ့ အနုပညာရှင်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ပြည်တွင်းစျေးကွက်ရ မင်းသားမင်းသမီးတွေ အပါအဝင် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်များစွာကို ၄င်းတို့ရဲ့ အတုယောင်ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတွေမှာ ပါဝင်ရိုက်ကူးရမယ်လို့ ဖိအားပေးပြောဆိုထားပြီး၊ အဆိုပါ ဝါဒဖြန့်ဇတ်လမ်းတွေဟာလည်း ဆက်တိုက်ထွက်ရှိလာဖို့ရှိနေပါတယ်။

အကြမ်းဖက်စစ်အုပ်စု ရဲ့ ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ ဇာတ်လမ်းကို စာရေးဆရာ ချစ်ဦးညိုရဲ့သား လကာ်ညို(ခ) တေဇာကျော်က တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း အတုယောင်ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့သူတွေကို ပြည်သူတွေ Bycott လုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေကြသလို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“အခုဆို စကမက မဲမဲမြင်ရာအကုန်ဖမ်းနေတာဆိုတော့ ပြည်သူတွေအနေနဲ့လည်း အကောင့်စစ်ထက် အတုတွေကိုပဲဖွင့်ပြီး လွတ်လွတ်လပ်သုံးစေချင်ပါတယ် .. နာမည်အစစ်ပုံအစစ်တွေနဲ့သုံးတဲ့အခါကျရင် သတိကြီးကြီးထားပြီး သုံးစေချင်ပါတယ်” လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စာဟာ သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအပိုင်း (၁) လာမယ့် ဒီဇင်ဘာလ အတွင်းအပိုင်း ၃ပိုင်းခွဲကာ လုပ်သွားမှာဖြစ်ပြီး မြို့နယ် ၁၀၂ မြို့နယ်ပါဝင်မှာ ဖြစ်ပါတယ်။

ပုံစာ- စစ်အုပ်စု ထုတ်ပြန်ထားသည့် ဒါရိုက်တာ ၂ဦးနဲ့
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် သန်းနုတောရွာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်၊ ဒေသခံ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီကင်းစင်အောင် လုပ်ပြီးရင် ဆက်စပ်နယ်မြေများကိုပါ ကူညီသွားမည်ဟု ချင်းညီနောင် ပြော

အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို လက်မလွှတ်ရရေးအတွက် အသည်းအသန် ခုခံကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၁၈ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်သူများအား အစည်းဝေးခေါ် မဲဆွယ်စည်းရုံးပေးသော အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

"ကျည်သုံးချက်ထိမှန်ပြီး နေရာမှာပဲ သေသွားတာ၊ ခုခံချိန်မရလိုက်ဘူး၊ သူ့အိတ်ထဲက အသီးကို နှိုက်ရင်း မောင်းပြေးတာ၊ ညပိုင်း‌မှာတော့ ဒိုက်ဦး ရခ ငါးယောက်ရောက်လာတယ်" လို့ 9 Stats Underground Force , Bago Region တပ်ဖွဲ့တာဝန်ခံ မြေပွေးက မောင်းကိုပြောပါတယ်။
Read More

ဇီးကုန်းမှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ​ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။