ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲတွေ ထိခိုက်သွားတယ်လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၃၁ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၁လုံးပစ်ခတ်မှုနဲ့အတူ ပြင်းအားမြင့်မိုင်း ၂ခုနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်တွေနဲ့ကင်းလှည့်ဖို့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ခဲ့တာပါ။

“ယူနီဖောင်းအနက်ဝတ်ရဲတွေက ညဘက် ၁၀နာရီဝန်းကျင်ဆိုရင် ဆ်ိုင်ကယ်တွေနဲ့ ကင်းပတ်ထွက်နေကြပါ။ ဆိုင်ကယ်၄၊ ၅ စီးနဲ့ ထွက်တာ၊ ၁စီး ကို ၂ကောင်စီးတယ်။ အဲ့နေ့က ဒီကောင်တွေ ကင်းပတ်ထွက်မယ့်အချိန်ကို စောင့်ပြီးဆော်ထည့်လိုက်တာ ၊ အနည်းဆုံး ၂ ကောင်တော့ တိုက်ရိုက်ထိနိုင်တယ်။ ဆိုင်ကယ်နဲ့ ထွက်ထွက်ခြင်း ဆော်လိုက်တာဆိုတော့ အနည်းဆုံးကိုပြောပြတာပါ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army (YA) နဲ့အတူ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ- ရွှေပေါက္ကံနယ်မြေရဲစခန်း (ပုံဟောင်း)

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာမှုနဲ့အတူ Yangon Army (YA) အပါအဝင် ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေ ခပ်စိပ်စိပ်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့အတုယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီရုံးတွေ ဆက်တိုက်တိုက်ခိုက်ခံလာရပါတယ်။

ဒါ့အပြင် အတုယောင်ရွေးကောက်အတွက် အကြမ်းဖက်စစ်တပ်ကို ထောက်ခံကူညီနေကြတဲ့ ဝါဒဖြန့်သရုပ်ဆောင်နဲ့ ထောက်တိုင်တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ Yangon Army (YA) နဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ပြောထားပါသေးတယ်။

” ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ပွဲတွေ လုံးဝမသွားကြဖို့ အထူးမှာကြားချင်ပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပစ်မှတ်တွေ ဆက်လက်တိုက်ခိုက်သွားမှာမလို့ပါ ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နာမည်ကြီး BGF ခေါင်းဆောင် စောချစ်သူနဲ့ ဗိုလ်မှူးအချို့ အပါအဝင် ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ

တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဂန့်ဂေါတွင် ဒရုန်းဗုံး ထိထားသည့် ဒုရဲအုပ် ၁ဦး ၁ပတ်ကျော်အကြာမှာသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းဗုံးထိမှန်ထားတဲ့ ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ယောက်ဟာ တစ်ပတ်ကျော်အကြာမှာ ရရှိဒဏ်ရာတွေနဲ့ပဲ ဆေးရုံပေါ် သေဆုံးသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၂)ရက်နေ့က ဂန့်ဂေါမြို့၊ အမှတ် (၅၀)ခြေလျင်တပ်ရင်းအနီးမှာရှိတဲ့ စစ်တပ် လမ်းဆုံဂိတ်တစ်ခုကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး၄လုံး ကြဲချတိိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။