စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ထန်းတပင်ကျေးရွာကို ဝင်ရောက်ရင်း အမျိုးသမီး ၁ ယောက်ကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့သလို အမျိုးသား ၂၉ ယောက်ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းဆီ ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရတာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ဇီးကုန်းရွာအတွင်းက အမျိုးသား ၉ယောက်၊ အမျိုးသမီး ၉ ယောက် စုစုပေါင်း ၁၈ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာလ ၁၄ရက်နေ့ကလည်း ဗျူဟာလမ်းပေါ် အထိုင်ချတပ်စွဲထားတဲ့ စံပါယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကနေ အရာတော်-တနိုင်းပြေးဆွဲတဲ့ အန်စာတုံးအဖြူရောင်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဒီပဲယင်းမြို့နယ်၊ သက္ကယ်ခြံရွာက အမျိုးသား ၉ ယောက်ကို ဖမ်းဆီးခဲ့သလို အောက်တိုဘာလ ၁၅ရက်နေ့မှာလည်း ခင်ဦးမြို့နယ်နေ ခရီးသွား အမျိုးသား ၃ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ၁၆ ရက်နေ့တွင် စံပါယ်နံ့သာပျူအထိုင်မှ ထွက်ပြေးလွတ်မြောက်လာသည့် မအေးမာဦးအမျိုးသား
ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကနေ တန့်ဆည်မြို့ဘက် ကထိန်ခင်းဖို့လာတဲ့ မအေးမာဦးဆိုသူနဲ့ အမျိုးသားဖြစ်သူကို အဲ့ဒီစံပါယ်နံ့သာ ပျူအထိုင်စခန်းက ဖမ်းဆီးခဲ့ပြီး အဖိုးတန် ရွှေထည်တွေကို လုယူကာ မအေးမာဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူကတော့ ပျူတွေရဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပန်းတာကို ခံရပြီး ဒဏ်ရာ‌တွေရရှိခဲ့ပေမဲ့ သူတို့အလစ်မှာ ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဒါ‌တွေကို ကျူးလွန်ခဲ့ရုံသာမက အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း ခရီးသွားကားပေါ်ပါ အမျိုးသား ၃ ယောက်ကို အဲဒီဂိတ်စခန်းမှာပဲ ထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။ ဒီဖြစ်စဥ်တွေမတိုင်ခင် အောက်တိုဘာ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ အေးသာယာရွာကအမျိုးသမီး၂ယောက် စံပယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းကိုဖြတ်ပြီး ဇီးကုန်းမြို့ကိုအသွား လမ်းမှာပျောက်ဆုံးသွားခဲ့တာဟာလည်း တစ်လကြာလာချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း ကောလင်းမြို့နယ်၊‌ ပေကုန်းရွာနေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်၂ယောက်ဟာ ရွှေဘိုမြို့ကို ဆိုင်ကယ်နဲ့ သွားရောက်ချိန် စံပါယ်နံ့သာပျူအထိုင်စခန်းမှာပဲ ဖမ်းဆီးခံကြရပြီး ၂ယောက်စလုံး ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်ရဲ့ပြောကြားချက်အရ စံပါယ်နံ့သာပျူအထိုင်စခန်းဟာ တပ်သားသစ်စုဆောင်းနိုင်ဖို့ အမျိုးသားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝယ်ယူမယ့်သူ မရှိသေးတဲ့ ခြံအမှတ် (၅၄) နေအိမ်ကို ဖေဖော်ဝါရီလမှာ ထပ်မံ လေလံတင်မယ်

လေလံဆွဲမယ့်သူမရှိလို့ ပျက်ပြယ်နေခဲ့ရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ခြံအမှတ် (၅၄) ကို လာမယ့်ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ထပ်မံ လေလံတင်ရောင်းချဦးမယ်လို့ သိရပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်မှုကို စစ်ကောင်စီ ပိုမိုတင်းကြပ်နေ

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်အလုပ်လုပ်သူတွေကို လုံး၀ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ PV ပက်(စ်)ပို့ ကိုင်ဆောင်သူတွေကို အလုပ်အကိုင်နဲ့ ပြည်ပထွက်ခွင့်ပြုမှုကို…
Read More

“လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်နဲ့ မြင်ရတဲ့ တောင်ပိုင်းစစ်ဒေသက PDF အထူးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အထူးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ (၁၀)ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်ကို ဝတ်ဆင်ကာ 16 Days of Activism မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်အကျဉ်းသား (၁၁၀) ဦးကို NUG လွတ်ငြိမ်းသက်သာခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူးအခါသမယ အထိန်းအမှတ်အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၁၀ ယောက်ကို  ခြွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့အသိပေးထုတ်ပြန်လာပါတယ်။