စစ်ကိုင်းတိုင်း ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပျောက်ကြားတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက် ညနေပိုင်းက ဆားတောင်မြို့ကနေ ကူကြီးကုန်းကျေးရွာရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၅၀ နီးပါးထဲက စစ်သားတချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြောက်ကျားတိုက်ခိုက်ဖို့လုပ်ရင်း ထိပ်တိုက်ထိတွေ့မှုဖြစ်တာဗျ။ MA 1 သေနတ်၂လက်ရတယ်” လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီနေ့ ညနေပိုင်းမှာ မုံရွာ နမခတက် ဂျိုင်ဒိုကောပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

PDF Zoland ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ခက်ခဲကြမ်းတမ်းတဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်သင်ကြားနေတဲ့ ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေကို PDF Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ် ရဲစခန်းကို ၂ ရက်ဆက်တိုက် ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ သေဆုံး ထိခိုက်မှု ရှိ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်သားတွေ သေဆုံး မှုရှိခဲ့တယ်လို့ Salingyi Revolution Army က သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ ဒရုန်း ၂ စီးကို ပစ်ချနိုင်ခဲ့ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဘက်က နိုဝင်ဘာ ၁၁ ရက်က စတင်ကာ လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ပြီး မြေပြင်ထိုးစစ်စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဒရုန်းဖြင့် ဗုံးကြဲခံရပြီး စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်ခြမ်းကို ရေကူးထွက်ပြေးသည့် မှတ်တမ်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ရေကူးထွက်ပြေးကြတဲ့ ရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ပခုက္ကူမြို့နယ် ကျေးရွာများကို မီးရှို့ကာ ကျဆုံးရဲဘော် ဂူဗိမာန်များအား ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ‌ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ ယနေ့ သတင်းထုတ်ပြန် ထားပါတယ်။
Read More

မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။