ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်၊ မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက သာကေတမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးတွေပစ်ခတ်ရင်း ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိနေတဲ့ ရဲတွေ ထိခိုက်သွားပြီး ရဲ ၁ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။

” ဗုံး ၂လုံး ပစ်တယ်။ လက်လုပ်မိုင်း ၂လုံးနဲ့ ဖောက်ခွဲတယ်။ ပစ်တဲ့ဗုံးတွေက စခန်းဝင်းအထဲ ထိရောက်ပါတယ်။ အဲ့ဒါကြောင့် ရဲ ၃ကောင်ထိပြီး ၁ကောင် ဒဏ်ရာပြင်းထန်တယ်” လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့သလို ရဲစခန်းဝန်းထဲကနေ ရမ်းကားပစ်ခတ်တာတွေ ဆက်တိုက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာအရင်းမြစ်တွေအားလုံးဟာ အကြမ်းဖက်စစ်တပ်အာဏာရှင်တွေရဲ့ ကိုယ်ကျိုးရှာမှုကြောင့်ဖြစ်တဲ့အတွက် ပြဿနာတွေပြေလည်ဖို့ စစ်အုပ်စုထောက်တိုင်တွေအနေနဲ့ အာဏာရှင်တွေရဲ့ အကျိုးရှာမှုအောက် အသုံးချခံလို မနေထိုင်ပဲ တော်လှန်ရေးအင်အားစုတွေ ပြည်သူ့အင်အားစုတွေနဲ့ ပူးပေါင်းသင့်ကြောင်း၊ ဆက်လက်ပြီး ပြည်သူအပေါ် ဖိနှိပ်ခေါင်းမာနေမယ်ဆိုရင် တိုက်ခိုက်သွားမယ့်အကြောင်း မြို့ပြကြွက်ကွန်ယက်က ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင် တစ််ရက်အလို အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက အလားတူ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်လုပ်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲ ရက်နီးကပ်လာမှုနဲ့အမျှ ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေခပ်စိပ်စိပ်ရှိလာတာဖြစ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့ အတုယောင်ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီရုံးတွေကို ဆက်တိုက် တိုက်ခိုက်ခံလာရတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ၊ စစ်ကောင်စီ စစ်ကြောင်းမှူး သေဆုံးကာ အထိနာ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

မြင်းမူမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။